အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Hnin Yi Aung
Hnin Yi Aung 227
လွန်ခဲ့သော ၁ ပတ် က · မြစ်ကြီးနား

ပဲတောင့်ရှည်ပင်ရဲ့အရွက်တွေမှာ ဒီလိုတွေ၀ါလာတာ ဘာဆေးသုံးရမလဲရှင်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
အပင်အာဟာရ ပဲတောင့်ရှည်
Post image

ဖြေကြားချက် ၂ ခု

Hnin Yi Aung
Hnin Yi Aung 227 လွန်ခဲ့သော ၁ ပတ် က

ကျေးဇူးတင်ပါတယ်ရှင် အရွက်ရင့်တွေမှာပဲ ဖြစ်နေတာပါ Mgဆေး သုံးလိုက်ပါ့မယ်

သော်ဇင်
သော်ဇင် 377,930 လွန်ခဲ့သော ၁ ပတ် က

ပုံပါပဲတောင့်ရှည်ပင်၏ အရွက်များတွင် တွေ့ရသော လက္ခဏာသည် မဂ္ဂနီစီယမ် (Mg) ချို့တဲ့ခြင်း သို့မဟုတ် ယင်ဖြူပိုးကြောင့် ဖြစ်ပွားတတ်သော အဝါရောင် မိုစေ့ဗိုင်းရပ်စ်ရောဂါလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ မဂ္ဂနီစီယမ်ချို့တဲ့ခြင်းဖြစ်ပါက အရွက်ရင့်များတွင်သာ အဓိကဖြစ်လေ့ရှိပြီး၊ ဗိုင်းရပ်စ်ဖြစ်ပါက အရွက်နုရော အရွက်ရင့်ပါ တစ်ပင်လုံး ကွက်ကြားဝါလာတတ်ပါတယ်။ ၎င်းကို ကုသရန်အတွက် မဂ္ဂနီစီယမ်ဓာတ် ချက်ချင်းရရှိစေမည့် Mgပါဝင်သည့်အနည်းလိုအဟာရရွက်ဖျန်း အားဆေးကို ဖျန်းပက်ခြင်း၊ သို့မဟုတ် ယင်ဖြူပိုးကို ကာကွယ်ရန် Acetamiprid သို့မဟုတ် Imidacloprid ပိုးသတ်ဆေး ဖြန်းပေးခြင်းနှင့် နောင်တွင် ဒိုလိုမိုက် (Dolomitic Lime) ကိုမြေချကျွေးခြင်းတို့ကို လုပ်ဆောင်ပေးရပါမယ်။အဟာရလားပိုးလာခွဲနိုင်ရန်အရင်က ယင်ဖြူကျခဲ့ခြင်းရှိမရှိ၊သေချာစစ်ကြည့်ပါဦး

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။