အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Paul shan aung.
လွန်ခဲ့သော ၁ လ က · ပြည်ကြီးတံခွန်

စပျစ်ပင်ပိုးကျပြီးအရွက်တွေခြောက်ကြွေကျနေတာဘာဆေးသုံးမလဲဗျ

ပိုးမွှားရောဂါ စပျစ်
Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,122,689 လွန်ခဲ့သော ၁ လ က

ဒီရာသီက အရွက်ရင့်တွေ ပုံမှန်ကြွေကျတဲ့ရာသီမို့ပါ။ ကိုင်းမွေးပြီး သက်တမ်း ၆-၈လ ပြည့်ရင်၊ ကိုင်းဖြတ်ချိန်ရောက်ပါပြီ။ နားလည်တတ်ကျွမ်းတဲ့ဆရာနဲ့ ကိုင်းဖြတ်ပါ။ ကိုင်းမဖြတ်ချင်ဘူး၊ဆေးဖျန်းချင်တယ်ဆိုရင်၊လှေးဆေးနဲ့ မှိုဆေးဖျန်းပါ။

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၁ လ က

ပိုးကျတယ်ဆိုရင်လည်း ကိုက်စားပိုးလားစုပ်စားပိုးလား ဖျက်ပိုးသိရင်လည်းပြောထားပေးပါဦး

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၁ လ က

စပျစ်ရွက်ခြောက်ကြွေတဲ့ ပြဿနာကို တိတိကျကျ ရောဂါခွဲခြားနိုင်ဖို့အတွက် အချက်အလက်အချို့ လိုအပ်ပါသေးတယ်ခင်ဗျာ။ အရွက်ရဲ့ အောက်ဘက်မျက်နှာပြင်မှာ အဖြူရောင် မှိုမျှင်အမှုန့်လေးတွေ၊ ဒါမှမဟုတ် လိမ္မော်ရောင်/အဝါရောင် အမှုန့်အစက်အပြောက်လေးတွေ ရှိမရှိ စစ်ဆေးပေးပါဦး။ ဒါ့အပြင် အရွက်အောက်ဘက်မှာ မွှားပင့်ကူနီ သို့မဟုတ် လှေးပိုးလို ပိုးမွှားငယ်လေးတွေ ရှိသလား။ ရောဂါက အပင်အောက်ခြေ ရွက်ဟောင်းတွေမှာ စဖြစ်တာလား၊ ထိပ်ပိုင်း ရွက်နုတွေမှာပါ ဖြစ်နေတာလားဆိုတာနဲ့ စိုက်ခင်းတစ်ခုလုံး ပျံ့နေပြီလားဆိုတာကိုပါ ပြောပြပေးပါ။ နောက်ဆုံးအချက်အနေနဲ့ မကြာသေးမီက မိုးရွာ/စိုထိုင်းဆများခဲ့သလားနဲ့ ပြီးခဲ့တဲ့ ၁ ပတ်အတွင်း ပက်ဖျန်းခဲ့တဲ့ ဆေးအမျိုးအစားလေးတွေကိုပါ မေးမြန်းပါ ရ စေခင်ဗျာ။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။