အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကျော်မင်းသန့်
လွန်ခဲ့သော ၂ ပတ် က · ဘုတလင်

နှမ်းခင်းပုလဲကျွေးခြင်လို့ဘယ်ချိန်မှာကျွေးရမလဲ?တဧကကိုဘယ်နပြည်ကျွေးရလဲဗျ

အပင်အာဟာရ နှမ်း

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,121,394 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

အညာ ဒေသ နှမ်းခင်းကို ပုလဲကျွေးခြင်းအတွက် သတိပြုရန် လိုအပ်တာကတော့၊ အစိုဓာတ်လုံလောက်ဖို့ရယ်၊ ရာသီဥတု အေးတဲ့အချိန်ဖြစ်ဖို့လိုပါတယ်။ မိုးရွာနေစဉ်/ရွာမည့်ဆဲဆဲ မှာ တဧကယူရီယား ၄ပြည်နုန်းလောက်ကို ပက်ကျွေးနိုင်ပါတယ်။

ကျော်မင်းသန့်
ကျော်မင်းသန့် 517 လွန်ခဲ့သော ၂ ပတ် က

နွားချေးမှုန့်နဲရောကျွေးလို့ရလားဗျ

သော်ဇင်
သော်ဇင် 402,696 လွန်ခဲ့သော ၂ ပတ် က

နှမ်းခင်းတွင် ပုလဲ (ယူရီးယား) မြေဩဇာကို အပင်သက်တမ်းအလိုက် (၂) ကြိမ် ခွဲကျွေးရပါမယ်။ ပထမအကြိမ်အဖြစ် နှမ်းမကြဲမီ မြေပြင်ချိန်တွင် တစ်ဧကလျှင် ပုလဲမြေဩဇာ ကို တီစူပါ၊ ပိုတက်ရှ်တို့နှင့် ရောစပ်၍ မြေခံအဖြစ် ထည့်သွင်းရပါမယ်။ ဒုတိယအကြိမ်အဖြစ် အပင်သက်တမ်း ၂၀ ရက်မှ ၃၀ ရက်သား (ပန်းမပွင့်မီ ပေါင်းလိုက်ပြီးစအချိန်) တွင် တစ်ဧကလျှင် ပုလဲ (အိတ်လေးပုံတစ်ပုံ) ကို မြေအစိုဓာတ်ရှိခိုက် ကြားဝင်ပက်ကြဲပေးရပါမယ်။ ပုလဲမြေဩဇာတစ်မျိုးတည်း အလွန်အကျွံကျွေးပါက အပင်လဲလွယ်ပြီး ပိုးမွှားကျရောက်တတ်သဖြင့် အချိုးကျခွဲကျွေးရန် အရေးကြီးပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။