အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Myint Kyaw Oo
Myint Kyaw Oo 131
လွန်ခဲ့သော ၁ လ က · မြိုင်

မင်္ဂလာပါခမျာ မြိုင်မြို့နယ်ကပါဗျ။ ပီးခဲ့တဲ့ စက်တင်ဘာ 13 ရက်နေ့ကစိုက်ထားတာပါဗျ။ပုလဲဓာတ်‌မြေဩဇာတကြိမ်တော့ပတ်ထားပါတယ်။ နှမ်း အပွင့်၊အသီးတင်ပီး အထွက်တိုးအောင် ဘယ်ချိန်မှာ ဘာဆေး‌ေလးတွေ ပတ်ဖြန်းပေးရမလည်းဆိုတာသိချင်ပါတယ်ဗျ။

အပင်အာဟာရ နှမ်း
Post image

ဖြေကြားချက် ၁၀ ခု

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၃ ပတ် က

@Myint Kyaw Oo ပိုတက်စီယမ်များတာကပီဖိုလန်ပါ၊နှမ်းဖိုရောဂါသည် ဖြုတ်ညိုပိုးမှတစ်ဆင့် ကူးစက်သည့် မိုက်ကိုပလပ်စမာပိုးကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ အသီးကင်းဝင်ချိန်တွင် ရောဂါလက္ခဏာ ပြနေပြီဖြစ်သော နှမ်းပင်ကို ပြန်ကောင်းအောင် ကုသ၍ မရနိုင်တော့သော်လည်း၊ မဖြစ်သေးသည့် ဘေးပတ်ဝန်းကျင်မှ အပင်ကောင်းများ ထပ်မံမဖိုစေရန် ကာကွယ်တားဆီးနိုင်ပါတယ။ ကာကွယ်ရန်အတွက် ရောဂါရနေသော အပင်များကို တွေ့တွေ့ချင်း နှုတ်ယူ၍ ယာခင်းပြင်ပတွင် မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ ရောဂါသယ်ဆောင်သည့် ဖြုတ်ညိုပိုးကို နှိမ်နင်းရန် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် Acetamiprid ပါဝင်သော စုပ်စားပိုးသတ်ဆေးတစ်မျိုးမျိုးကို ၁၀ ရက်ခြားတစ်ခါ နေအေးချိန်တွင် နှံ့စပ်အောင် ပက်ဖျန်းသုံးစွဲလေ့ရှိတယ်

Myint Kyaw Oo
Myint Kyaw Oo 131 လွန်ခဲ့သော ၃ ပတ် က

နှမ်းဖိုတာက အသီးကင်းဝင်ချိန်မှာ မဖိုအောင်ကာကွယ်လို့ရသေးလားခမျ။ရရင်လည် ဘလိုဆေးမျိုးသုံးရမလည်းဆိုတာ ဖြေပေးပါအုန်းဆရာ

Myint Kyaw Oo
Myint Kyaw Oo 131 လွန်ခဲ့သော ၃ ပတ် က

အသီးကင်စဝင်ချိန်ပတ်ရတဲ့ ပိုတတ်စီယမ်ဓာတ်မြင့်မားတဲ့ ဆေးတံဆိပ်အမည်လေးပြောပြပါဗျ။ နှမ်ဖိုးတာအတွက်ရော အသီးကင်းဝင်ချိန်မှာ ကာကွယ်လို့ရလားခမျ ရရင်လည်းဆေးလေးညွှန်ပေးပါအုန်းဆရာ

Myint Kyaw Oo
Myint Kyaw Oo 131 လွန်ခဲ့သော ၁ လ က

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခမျ။

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၁ လ က

ပြေပါတယ်

Myint Kyaw Oo
Myint Kyaw Oo 131 လွန်ခဲ့သော ၁ လ က

အပွင့်စပွင့်ချိန်မှာ အကိုပြောတဲ့ထဲက ရွှေမင်္ဂလာ ဘိုရွန် 150 နဲ့ ရွှေကြက်အမိုင်နို အဲနှစ်ခု တွဲဖက်ပီးအသုံးပြုပေးရင်အဆင်ပြေလားခမျ။

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၁ လ က

ဟုတ်ကဲ့၊ ပိုးကျရောက်မှုရှိမရှိ စစ်ဆေးကြည့်ပါ၊ မကျရောက်ရင်တော့ အားဆေးသီးသန့်ဖျန်းလိုက်ပါဗျ

Myint Kyaw Oo
Myint Kyaw Oo 131 လွန်ခဲ့သော ၁ လ က

ပုလဲကျွေးထားတာက သုံးရက်လောက်ရှိအုန်းမယ်ဗျ။ဘိုရွန်ဓာတ်ပါတဲ့အားဆေးနဲ့က ပိုးသတ်ဆေးရောရောပတ်ပေးဂမှာလားခမျ။

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၁ လ က

ပုလဲကျွေးထားတာကြာပြီဆိုရင်တော့ Nအချိုးများ,PKအချိုးနည်း ရွက်ဖျန်းအားဆေးတစ်ကြိမ်လောက်ဖျန်းလိုက်ပါဦး၊မြေဆီလွှာက အဟာရနည်းမယ်ထင်လို့ပါ

သော်ဇင်
သော်ဇင် 452,492 လွန်ခဲ့သော ၁ လ က

စက်တင်ဘာ ၁၃ ရက်နေ့တွင် စိုက်ပျိုးထားသော နှမ်းခင်းသည် လက်ရှိတွင် အပင်သက်တမ်း ၂၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ နှမ်းပင် သက်တမ်း ၃၀ ကျော်၍ အပွင့်စပွင့်ချိန်တွင် အပွင့်ကြွေခြင်းမှ ကာကွယ်ရန်နှင့် အသီးတင်နှုန်း ကောင်းမွန်စေရန်အတွက် ဘိုရွန် (Boron) ဓာတ် ပါဝင်သည့် အနည်းလိုအဟာရ အားဆေး နှင့် အပွင့်အားပေး ဟော်မုန်းရွက်ဖျန်းဆေးများ (NAA သို့မဟုတ် အမိုင်နိုအက်ဆစ်)နှင့် တွဲဖက်၍ ၁ ပတ်လျှင် ၁ ကြိမ် ပက်ဖျန်းပေးရပါမယ်။ ထို့နောက် သက်တမ်း ၄၅ ရက်ဝန်းကျင် အသီးကင်းဝင်ပြီး အစေ့အဆန် တည်ချိန်တွင် အစေ့အဆန် ပြည့်ဝပြီး ဆီထွက်နှုန်း တိုးတက်စေရန် ပိုတက်စီယမ် မြင့်မားသော ရွက်ဖျန်းမြေသြဇာ (ဥပမာ - 0-52-34) ကို ပြောင်းလဲဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင် ရွက်လိပ်ပိုးနှင့် သီးထိုးပိုးများ မကျရောက်စေရန် ပင်လုံးပျံ့ပိုးသတ်ဆေး ကြိုတင်ထည့်သွင်း ဖျန်းပေးသင့်ပြီး အပင်ဆေးစုပ်ယူမှု အားကောင်းစေရန် နံနက်စောစော သို့မဟုတ် ညနေစောင်းအချိန်များတွင်သာ ဖျန်းပေးရန် လိုအပ်ပါတယ်။ ပိုး၊ရောဂါကျရောက်မှုရှိမရှိအမြဲစစ်ဆေးပါ။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။