စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ
စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါ (BLB) ကျတာပါ၊ ဒီ ရောဂါသည် Xanthomonas oryzae ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး စပါးရွက်အဖျားနှင့် အနားများမှတစ်ဆင့် လှိုင်းတွန့်ပုံသဏ္ဍာန် အဝါရောင်၊ အဖြူရောင်ခြောက်သွေ့မှုများ ဖြစ်ပေါ်စေပါတယ်။ ရောဂါကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ ကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်း သို့မဟုတ် လျှော့ချရမည်ဖြစ်ပြီး၊ အပင်သန်မာစေရန် ပိုတက်စီယမ်မြေဩဇာ ဖြည့်စွက်ပေးရပါမယ်။ နှင်းရည် သို့မဟုတ် မိုးရေရှိချိန်တွင် အရွက်ချင်းပွတ်တိုက်မိ၍ ရောဂါမပြန့်ပွားစေရန် လယ်ထဲဆင်းခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဓာတုဗေဒနည်းအရ နှိမ်နင်းရာတွင် သာမန်မှိုသတ်ဆေးများဖြင့် မရနိုင်ဘဲ ကာဆူဂါမိုင်စင် (Kasugamycin) သို့မဟုတ် ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride)၊ Bismerthiazole, Oxolinic acid သို့မဟုတ် Copper hydroxide ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေး များကို ၅-၇ရက်ခြားတစ်ကြိမ်စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ဘက်တီးရီးယားရောဂါသည်ကူးစက်မှုမြန်ဆန်တာကြောင့် အချိန်မဆွဲဘဲအမြန်ဆုံးဖျန်းပက်ရပါမယ်၊ဆေးတခါဖျန်းပြီးတိုင်းရောဂါကျအရွက်များ ဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်ပါ၊ရောဂါကျအရွက်များမပျံ့ပွားတော့ရင် ရောဂါပျောက်ပြီလို့မှတ်ယူရပါမယ်
ဆက်စပ်မေးခွန်းများ
ရွှေဘိုဘေးကျားလေး အသီးပြည့်ပြီး အထွက်တိုးအောင် ဘာမြေဆီကြွေးသင့်လဲခဗျာ
ဖြေကြားချက် 3 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
ဖြေကြားချက် 2 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
ဖြေကြားချက် 2 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဖြေကြားချက် 1 ခု
ပေါ်ဆန်းစပါးပါဗျအသက်ကတော့2လခွဲ။ရှိပါပြီးဗျမြေဩဇာကတော့2လသားမှာ15ပတ်လဲတစ်အိပ်နဲ့N15 or K30တစ်အိပ်တော့ရောပက်ထား...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။