အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
802
လွန်ခဲ့သော ၁၁ နာရီ က · ပင်းတယ

အပင်အာဟာရကြောင့်လားပိုး။ မှိုရောဂါကြောင့်လားခင်ဗျ ပိုးဆေးက လက်ရှိ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အာဘာမက်တင်...

အပင်အာဟာရကြောင့်လားပိုး။ မှိုရောဂါကြောင့်လားခင်ဗျ ပိုးဆေးက လက်ရှိ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အာဘာမက်တင်နဲ့ရောပြီးတလည့်စီသုံးထားပါတယ် ဘယ်လို။ ပြုပြင်သင့်ပါလည်းခင်ဗျ မြေဆီ15ပတ်လည်ကြွေးထားပါတယ်

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,290 လွန်ခဲ့သော ၇ နာရီ က

ဘာမျိုးပါလဲ?။ဗိုင်းရပ်ရောဂါဝင်နေပါတယ်။ဆေးသုံးစွဲမှု မှန်ကန်ပါတယ်။ဆေးပတ်ဝင်တာ မမှန်လို့ဖြစ်လိမ့်မယ်။ အစာလည်းကျွေးပါ။နောက်တကြိမ် အဆီတာမီပရစ်/ပိုင်မက်ထရိုဇင်းဖျန်းပါ။

350,467 လွန်ခဲ့သော ၇ နာရီ က

အခုဖြစ်နေတဲ့ ပြဿနာက ခရမ်းချဉ်ရွက်လိပ်ရွက်တွန့်ဗိုင်းရပ်စ်ရောဂါ (TLCV) ဖြစ်ပြီး အပင်အတွင်းပိုင်းအထိ ကူးစက်တာမို့ လက်ရှိသုံးနေတဲ့ မှိုသတ်ဆေးတွေနဲ့ တိုက်ရိုက်ကုလို့ မရပါဘူး။ ဒီရောဂါဟာ ယင်ဖြူ (Whitefly) ကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ ရောဂါမပြန့်ပွားအောင် ယင်ဖြူကို အဓိကထား နှိမ်နင်းရပါမယ်။ ဒါကြောင့် လက်ရှိပိုးသတ်ဆေးတွေအစား ယင်ဖြူအတွက် ထိရောက်တဲ့ ပင်လုံးပျံ့ဆေးတွေဖြစ်တဲ့ အဆီတာမီပရစ် (Acetamiprid) သို့မဟုတ် အီမီဒါကလိုပရစ်(Imidacloprid) ဆေးအုပ်စုတွေကို ပြောင်းလဲဖျန်းပေးရပါမယ်။ ရောဂါပြင်းထန်ပြီး အရမ်းဆိုးရွားစွာလိပ်တွန့်နေတဲ့ အပင်တွေကိုတော့ နှမြောမနေဘဲ အမြစ်ကနုတ်ပြီး စိုက်ခင်းပြင်ပမှာ မီးရှို့ဖျက်ဆီးရပါမယ်။ အပင်ကိုယ်ခံအားကောင်းစေဖို့ ၁၅ ပတ်လည်မြေဩဇာအပြင် အမိုင်နိုအက်ဆစ် အရွက်ဖျန်းဆေး ဖျန်းပေးသင့်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

စုပ်စားပိုးကြောင့်လားရောဂါလားခင်ဗျ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အမီတာကရိုးပစ် အာဘာမက်တင်နဲ့ရောပြီးဖြန်းပါ...

ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

ဖြေကြားချက် 1 ခု

ခရမ်းချဥ်သီးပင် မိုးကြီးရွာပြီး အောက်လက်တွေဝါသွားတယ်၊ရွက်သစ်တွေစိမ်းစိုတယ်၊အသီးပွင့်လိုက်စပြုနေပါပြီ ဘယ်လိုဆေး...

ဖြေကြားချက် 1 ခု

ခရမ်းချဉ်သီးစိုက်ပျိုးဖိုးသဲများတဲမြေမှာအဆင်ပြေပါသလား

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။