အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
581
လွန်ခဲ့သော ၇ နှစ် က · ဓနုဖြူ

စပါးမှာMPKမဟာရအပြင်အနည်းလိုအဟရတွေကဘာတွေလဲအနည်းလိုအဟာရတွေကိုဘယ်လိုထည့်ရမှာလဲအနည်းလိုအဟာရပါတဲ့မြေသြဇာတွေပါသိချင်...

စပါးမှာMPKမဟာရအပြင်အနည်းလိုအဟရတွေကဘာတွေလဲအနည်းလိုအဟာရတွေကိုဘယ်လိုထည့်ရမှာလဲအနည်းလိုအဟာရပါတဲ့မြေသြဇာတွေပါသိချင်ပါတယ်

Post image
2

ဖြေကြားချက် ၂ ခု

580 လွန်ခဲ့သော ၇ နှစ် က

NPK ပါ MPK မဟုတ်

10,117 လွန်ခဲ့သော ၇ နှစ် က

အပင်များတွင် လိုအပ်သော အာဟာရဓာတ်များနှင့် ချို့တဲ့မှု လက္ခဏာများ သီးနှံပင်များအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်စင်ပေါင်း (၁၆)ခု ရှိသည်ဟု လက်ခံထားကြပါသည်။ (၁)အဓိက အရေးကြီးသော အာဟာရဓာတ်များ (၁)ယူရီးယားခေါ် ပုလဲဓာတ်မြေသြဇာမှ ရရှိသော နိုက်ထရိုဂျင်ဓာတ် (၂)ဖော့စ်ဖိတ်ဓာတ်(ခေါ်) မီးစုန်းဓာတ် တီစူပါဓာတ်မြေသြဇာမှ ရရှိသည်။ (၃)ပိုတက်ဓာတ်(ခေါ်) ပြာဓာတ် ပိုတက်ဓာတ်မြေသြဇာ (သို့မဟုတ်) ပြာမှရရှိသည်။ ယခုခေတ်တွင် ကွန်ပေါင်းဓာတ်မြေသြဇာ စျေးကွက်တွင် ရရှိနိုင်သော မြေသြဇာများမှ ၎င်းအာဟာရဓာတ် (၃)မျိုးကို တစ်ပြိုင်တည်း ရရှိနိုင်ပေသည်။ ၂။ ဒုတိယ အရေးကြီးသော အာဟာရဓာတ်များ (၁) ကယ်လ်ဆီယမ် (ထုံးဓာတ်) (၂) ဆာလဖာ (ကန့်ဓာတ်) (၃) မဂ္ဂနီဆီယမ် (ဆားခါးဓာတ်) ကယ်လဆီယမ်နှင့် ဆာလဖာကို လချေး အသုံးပြုပါက ရရှိနိုင်ပေသည်။ ၃။ အနည်းလို အာဟာရဓာတ်များ (၁) အိုင်းယွန်း (ခေါ်) သံဓာတ် (၂) မင်းဂနီးစ် (၃) ဇင့် (သွပ်ဓာတ်) (၄) ကော့ပါး (ကြေးနီ)ဓာတ် (၅) ဘိုရွန် (လက်ချား)ဓာတ် (၆) မိုလစ်ဒီနမ် (၇) ကလိုရင်း (၈) ကာဗွန် (၉) ဟိုက်ဒရိုဂျင် (၁၀) အောက်ဆီဂျင် တို့ဖြစ်သည်။ ကာဗွန်ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့ကို ရေနှင့် လေမှ ရရှိသည်။ အပင်များတွင် အာဟာရချို့မှု ကြောင့် တွေ့ရှိရသော လက္ခဏာများမှာ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့ပါက အပင်ငယ်စဉ်တွင် အဝါဖျော့ရောင်ဖြစ်သည်။ အပင်ပုခြင်း၊ အပင်သေးခြင်းဖြစ်မည်။ အပင်ကြီးတွင် နိုက်ထရိုဂျင်ချို့တဲ့ပါက အောက်ဆုံးရွက်ရင့်ဝါခြင်း၊ ရွက်ဖျားမှ စ၍ ဝါပြီး အရင်းဘက်ကူးခါ ခြောက်၍ကြွေကျသွားသည်။ ဖော့စ်ဖိတ်ဓာတ် ချို့တဲ့ပါက အပင်ပု ၊ အပင်သေး ဖြစ်သည်။ အရွက်နုတွင် စိမ်းဝါရောင်ဖြစ်သည်။အရွက်ရင့်တွင် အစိမ်းရင့်ရောင်၊ အပြာရင့်ရောင်ရှိသည်။ ရွက်ညှာနှင့် အရွက်အောက်မျက်နှာပြင်မှ ရွက်ကြောများ ခရမ်းရောင်ဖြစ်သည်။ပန်းပွင့်မှု အစေ့ အဆံ ဖြစ်ပေါ်မှုနည်းသည်။ ရင့်မှည့်ချိန်နောက်ကျတတ်သည်။ အပင်၏ အမြစ်ကြီးထွားမှုကို အဟန့်အတားဖြစ်သည်။ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့ပါက အရွက်ရင့်များ ရွက်ဖျားမှ စ၍ အဝါ၊ ဝါညို၊ လိမ္မော်ဝါရောင် ဖြစ်သည်။ရွက်နားတစ်လျှောက် အဝါရောင်သန်းပြီး ပြင်းထန်ပါက မီးလောင်ထားသကဲ့သို့ ဖြစ်သွားသည်။ အရွက်ပေါ်တွင် သံချေးရောင် အစက်အပြောက်တွေ့ရသည်။ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ပါက ရွက်နာများ တွန့်လိမ်၍ ခွက်ပုံသဏ္ဍန်ရှိသည်။ အရွက်များ ပုံမှန်ထက်သေးငယ်သည်။ အရွက်များ အစိမ်းရင့်ရောင်ရှိသည်။ မြေပဲသီးနှံတွင် ကယ်လ်စီယမ်ဓာတ်ချို့တဲ့ပါက အဆံမအောင်ခြင်း၊ အခေါင်းပွခြင်းများဖြစ်တတ်သည်။ ဆာလဖာ ချို့တဲ့ပါက အပင်ပုခြင်း၊ အပင်သေးခြင်း ဖြစ်သည်။ အပင်ငယ်စဉ်တွင် ချို့တဲ့ပါက တစ်ပင်လုံး အဝါရောင်ပြောင်းခြင်းနှင့် အပင်ကြီးတွင် ချို့တဲ့ပါက အပေါ်ရွက်နု ရွက်ဖျားမှစ၍ ဝါလာသည်။ မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့ပါက ရွက်ရင့်များတွင် ရောင်မညီ ကွက်ကြားဖြစ်သည်။ အရွက်များ သေးငယ်ပြီး ကျွတ်ဆတ်နေပြီး အရွက်၏ အနားများလိပ်ပြီး လှိုင်းတွန့်ပုံရှိသည်။ ဘိုရွန်ဓာတ်ချို့တဲ့ပါက အရွက်များကြား အဆစ်တိုပြီး ပန်းခိုင်လို ပုံသဏ္ဍန်ဖြစ်သွားသည်။ အသီးများ အချိန် မတိုင်မီ ကြွေကျသွားသည်။ အမြစ်တွင် တွေ့ရသော ချို့တဲ့မှု လက္ခဏာများမှာ နိုက်ထရိုဂျင် ချို့တဲ့ပါက ရေသောက်မြစ်ရှည်ခြင်း၊ ဘေးမြစ် ၊ မြစ်မွှာမတွေ့ရခြင်း၊အမြစ်အညိုရောင်ရှိခြင်းတို့တွေ့ရသည်။ဖော့စ်ဖိတ်ဓာတ် ချို့တဲ့ပါက အမြစ်သေး၍တိုခြင်း၊ အမြစ်အရောင် သံချေးရောင်ရှိခြင်းတို့တွေ့ရသည်။ ပိုတက်ဓာတ်ချို့တဲ့ပါက အမြစ်ဖွဲ့စည်းပုံညံ့ခြင်း၊ အမြစ် အချောင်းပုံဖြစ်ခြင်း၊ အမြစ်မဖွာခြင်းတို့တွေ့ရသည်။ အမြစ်အရောင်သည် ငွေမှင်ရောင်ရှိခြင်း တို့တွေ့ရှိရမည်ဖြစ်ပေသည်။ တောင်သူများ အနေဖြင့် မိမိတို့စိုက်ခင်းအတွင်း ဖြစ်ပေါ်လျက်ရှိသော အာဟာရချို့တဲ့မှု လက္ခဏာများကို သိရှိခြင်းအားဖြင့် လိုအပ်သော အာဟာရဓာတ် (မြေသြဇာ) ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး အကျိုးမျှော်တွေးလျက် ရေးသားလိုက်ရပါသည်။ Ref; နည်းသစ်စွယ်စုံ“ စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာဂျာနယ်”အတွဲ-၅၊ အမှတ်ရ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။