အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
226
လွန်ခဲ့သော ၂ ရက် က · မအူပင်

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၅ ခု

226 လွန်ခဲ့သော ၁ ရက် က

ကျေးဇူးပါဆရာ

348,989 လွန်ခဲ့သော ၁ ရက် က

အတူတူပါဗျ၊ မျိုးအမည်က GW11ပါ ၊ အခြားစပါးမျိုးများဖြင့်မျိုးစပ်ပြီး တီထွင်ထားသည့် မျိုးဖြစ်တာကြောင့် GW11စပ်မျိုးဆိုပြီးခေါ်ဆိုသုံးနှုန်းလိုက်တာပါ၊တူတူပါပဲ

226 လွန်ခဲ့သော ၁ ရက် က

Gw11က စပ်မျိုးရယ်လို့ရှိတာလားဆရာ မအူပင်ဘက်မှာတော့Gw11ဆိုပီးပဲမျိုးရောင်းနေကြတာဆရာ

1,034 လွန်ခဲ့သော ၂ ရက် က

ဒါဆို အယ်နီညို ရာသီမှာ စပါးအတွက်ဘယ်လိုရောဂါတွေကြရောက်တတ်တယ်ဘယ်လိုမျိုးကိုတွေကို ဘာကြောင့်စိုက်ပျိုးသင့်သလဲဆိုတာ တတ်ကျွမ်းသူတွေရှင်းပြပေးပါလားခင်ဗျာ

348,989 လွန်ခဲ့သော ၂ ရက် က

စူပါအယ်လ်နီညိုကဲ့သို့ အပူချိန်အလွန်မြင့်မားပြီး ရေရှားပါးနိုင်ခြေရှိသော နွေစပါးရာသီတွင် GW 11 စပ်မျိုးစပါးသည် ဆာဖိုးသာစပါးမျိုးထက် ပိုမိုခံနိုင်ရည်ရှိပြီး စိုက်ပျိုးရန် ပိုမိုသင့်တော်ပါတယ်။ ဆာဖိုးသာသည် သာမန်ရာသီဥတုတွင် အထွက်နှုန်းကောင်းသော်လည်း ရာသီဥတုဒဏ်ကို အတော်အသင့်သာ ခံနိုင်ပါတယ်။ GW 11 စပ်မျိုးစပါးသည် မျိုးရိုးဗီဇအရ အပူဒဏ်ကို ပိုမိုအကြံ့ခံနိုင်သည့်အပြင် အယ်လ်နီညိုရာသီတွင် အဓိကကျရောက်တတ်သော ဖြုတ်ပိုးနှင့် ရွက်ဖုံးခြောက်ရောဂါများအတွက် ခံနိုင်ရည်မြင့်မားစွာ ထုတ်လုပ်ထားခြင်းကြောင့် ဆိုးရွားပြင်းထန်သော ရာသီဥတုမျိုးတွင် ပိုမိုအောင်စေ့ တင်နိုင်စွမ်းရှိပါလိမ့်မယ်

You

ဆက်စပ်မေးခွန်းများ

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေး...

ဖြေကြားချက် 3 ခု

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါ...

ဖြေကြားချက် 9 ခု

ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါ...

ဖြေကြားချက် 10 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။