အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Win Zaw
U Win Zaw 659
လွန်ခဲ့သော ၁ လ က · ပုသိမ်

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 449,926 လွန်ခဲ့သော ၁ လ က

စပါးခင်းအတွင်းရှိ မြက်ကြိမ်နှင့် မြက်အကြွင်းအကျန်များကို သေစေရန် ဂလိုင်ဖိုဆိတ် (Glyphosate) ဖျန်းပြီးနောက် ၃ ရက်မှ ၇ ရက်အကြာ တွင် ထယ်ထိုးထွန်မွှေခြင်းနှင့် စပါးမျိုးစေ့ကြဲပက်ခြင်းတို့ကို စိတ်ချစွာ ပြုလုပ်နိုင်ပါတယ်။ ဂလိုင်ဖိုဆိတ်သည် ပင်လုံးပျံ့ဆေးဖြစ်၍ ပေါင်းမြက်များ၏ အမြစ်အထိ ဆေးအာနိသင်ပျံ့နှံ့ရန် အချိန်စောင့်ရခြင်းဖြစ်ပြီး၊ ဆေးသည် မြေကြီးနှင့်ထိတွေ့ပါက ဓာတ်ပြယ်လွယ်သဖြင့် ထယ်ထိုးမြေပြင်ပြီးလျှင် စပါးပင်ကို ထိခိုက်မှုမရှိဘဲ စိုက်ပျိုးနိုင်ပါတယ်။ သို့သော် အသုံးပြုသည့်ဆေးဗူးတွင် အခြားမြေကြွင်းအာနိသင်ရှိသော ပေါင်းသတ်ဆေးများ ရောစပ်မှု ရှိ၊ မရှိ ဆေးအညွှန်းကို မပျက်မကွက် စစ်ဆေးသင့်ပါတယ်။ Glyphosate သီးသန့်အပြင် အခြားပေါင်းသတ်ဆေးများမရောရပါ။

U Win Zaw
U Win Zaw 659 လွန်ခဲ့သော ၁ လ က

ပေါင်းသက်ဆေးသုံးပြီးဘယ်နနှယ်ရက်ကြာရင်စပါးကျဲခင်းစချလို့ရလဲဆရာ။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,153 လွန်ခဲ့သော ၁ လ က

ဘာအပင်မှမစိုက်ရသေးရင် ဂလိုဖိုဆိပ်လို ပင်လုံးပြန့်ပေါင်းသတ်ဆေး အသုံးပြုနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါ...

ဖြေကြားချက် 9 ခု

ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါ...

ဖြေကြားချက် 10 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

ဖြေကြားချက် 2 ခု

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

ဖြေကြားချက် 5 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။