အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
418
လွန်ခဲ့သော ၅ ရက် က · ပုသိမ်

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်...

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

ပိုးမွှားရောဂါ စပါး
3

ဖြေကြားချက် ၃ ခု

418 လွန်ခဲ့သော ၅ ရက် က

ဆရာပြောတာအားရှိစရာပေါ့။

418 လွန်ခဲ့သော ၅ ရက် က

ဆရာရဲ့ဓာတ်ပုံတင်အုံးလေချောသလား၊လှသလားလို့ပေါ့။အခြားဆရာတွေရဲ့ပုံကမြင်ဘူးတယ်။

348,957 လွန်ခဲ့သော ၅ ရက် က

စပါးမစိုက်ရသေးမီ သမန်းပြင်ချိန်နှင့် ရေသွင်းချိန်တွင် ရွှေခရုအကောင်ငယ်များ ပေါက်ပွားနေခြင်းသည် နောက်ပွားမည့် စပါးပင်ပေါက်နုများကို ပြောင်သလင်းခါအောင် ဖျက်ဆီးနိုင်သဖြင့် ကြိုတင်နှိမ်နင်းရန် အလွန်အရေးကြီးပါတယ်။ လက်တွေ့ကျသော ကာကွယ်နည်းများမှာ မြေပြင်ချိန်တွင် ရေမြောင်းငယ်များဖော်ကာ အစာကျွေးမျှားဖမ်းခြင်း (လယ်ကွက်အတွင်း ပတ်မြောင်း (သို့မဟုတ်) ထောင့်ဖြတ်မြောင်းငယ်လေးတွေ ဖော်ထားပြီး မြေပြင်ကို ရေစစ်ထုတ်လိုက်ပါ။ ခရုအကောင်ငယ်လေးတွေဟာ ရေကျန်တဲ့ မြောင်းတွေထဲ စုပြုံရောက်လာပါလိမ့်မယ်။ ထိုမြောင်းတွေထဲကို သင်္ဘောရွက်၊ ပိန်းရွက်၊ ကန်စွန်းရွက်၊ မုန်လာရွက် သို့မဟုတ် ပိန္နဲသီးခွံမြုံ့များ ထည့်ပေးထားပြီး ဆွဲဆောင်ကာ အစုလိုက်အပြုံလိုက် ကောက်ယူဖမ်းဆီးပါ) လယ်ကွက်ထဲသို့ ဘဲလွှတ်ကျောင်း၍ သဘာဝအတိုင်း ရှာဖွေစားသောက်စေခြင်း ကတော့အကောင်းဆုံးပေါ့။အကယ်၍ ခရုပမာဏ အလွန်များပြားပါက စပါးမစိုက်မီ သို့မဟုတ် ပျိုးမကြဲမီ (၁) ရက်အလို လယ်ကွက်ထဲ ရေစပ်စပ် (၁ လက်မခန့်) ရှိချိန်တွင်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ နစ်ကလိုစမိုက် (Niclosamide 70% WP) ဓာတုဆေးကို တစ်ဧကလျှင် ၁၈၀ မှ ၂၄၀ ဂရမ်နှုန်းဖြင့် စနစ်တကျ ပက်ဖြန်းနှိမ်နင်းသုံးစွဲလေ့ရှိတယ်

You

ဆက်စပ်မေးခွန်းများ

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်...

ဖြေကြားချက် 2 ခု

စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ

ဖြေကြားချက် 1 ခု

ဘီးစပ်ရွက်၊တမာရွက်များကိုထုထောင်းပြီးရလာသောအရေည်ကိုရွှေခရုများကိုနှိမ်နင်းလို့ရနိုင်မလာဗျို့။

ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေ...

ဖြေကြားချက် 4 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သား...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။