ဖြေကြားချက် ၂ ခု
ပဲတောင့်ရှည်ကို အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးခြင်းသည် ရာသီဥတုအရ ကိုက်ညီမှုရှိပြီး အပင်ဖြစ်ထွန်းမှု ကောင်းမွန်စေပါတယ်။ လက်ရှိစက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလဆန်းတွင် စိုက်ပျိုးမည်ဆိုပါက ရာသီမှီပါသေးတယ်။ မြေခံပြင်ဆင်ရာတွင် ရေစီးရေလာကောင်းမွန်သော သဲနုန်းမြေကို ရွေးချယ်ပြီး၊ တစ်ဧကလျှင် နွားချေးဆွေး (၄-၅) စီးနှင့်အတူ တီစူပါ (သို့) 15:15:15 ကွန်ပေါင်းမြေဩဇာ (၁) အိတ်ခန့်ကို မြေထဲသမအောင် ထည့်သွင်းပေးရပါမယ်။ ထို့ပြင် မြေအောင်းမှိုရောဂါကာကွယ်ရန် ထရိုင်ကိုဒါးမား ထည့်ပေးသင့်ပါတယ်။ စိုက်ပျိုးရာတွင် ရေမဝပ်စေရန် ဘောင်စနစ်ဖြင့် စိုက်ရမည်ဖြစ်ပြီး၊ အပင်သက်တမ်း (၂) ပတ်ခန့်တွင် စင်ထောင်ပေးခြင်းနှင့် ပန်းမပွင့်မီ အပေါ်ယံမြေဩဇာ ကျွေးခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်စေနိုင်ပါလိမ့်မယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တိုင်ထောင်ပဲစိုက်ခင်းမှာကြွက်တွေဆိုးဆိုးရွားရွားကျနေလို့ခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
ဖြေကြားချက် 1 ခု
မြေဩဇာ ဘာကြွေးရမလည်း
ဖြေကြားချက် 4 ခု
ခရမ်းပင် ဂျားထည်းမှာ တိုင်ထောင်ပဲ သီးညပ်ထည့်စိုက်လို့ရလားခရမ်းစိုက်ဘောင်အကြယ်ကတော့ ၃တောင် ပင်စင် ကတော့ ၂တောင်...
ဖြေကြားချက် 1 ခု
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်...
ဖြေကြားချက် 2 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်း...
ဖြေကြားချက် 5 ခု
ရေပန်းစားသော အကြောင်းအရာများ