အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
146
လွန်ခဲ့သော ၁ ပတ် က · ကျောင်းကုန်း

ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?

စိုက်ပျိုးနည်း ခရမ်းချဉ်

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

မရပါဘူးဗျ။ ခရမ်းချဉ်က နေရောင်ခြည် ၆နာရီကနေ ၈ နာရီထိ ရရှိဖို့ လိုအပ်ပါတယ်။ နေရာခြည်အားနည်းတဲ့နေရာမျိုးမှာစိုက်ရင် အပင်က ခါးရှည်တာ အသီးပွင့်အားနည်းတာမျိုး ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်လည်း ရဖို့လိုသလို လေဝင်လေထွက်လည်း ကောင်းဖို့လိုအပ်ပါတယ်။ ဒါမှသာ ပိုးမွှားရောဂါကျရောက်မှု သက်သာမှာဖြစ်ပါတယ်။

146 လွန်ခဲ့သော ၁ ပတ် က

@Thein Soe Min ကျေးဇူးပါ

146 လွန်ခဲ့သော ၁ ပတ် က

ဟုတ်ကဲ့ပါ ပြန်လည်ဖြေကြားပေးလို့ကျေးဇူးပါခင်ဗျာ

349,542 လွန်ခဲ့သော ၁ ပတ် က

ခရမ်းချဉ်ပင်သည် တစ်နေ့လျှင် တိုက်ရိုက်နေရောင်ခြည် အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ လိုအပ်သော အလင်းကြိုက်သီးနှံဖြစ်သဖြင့် နေရောင်ခြည်နည်းပါးသော အရိပ်အောက်တွင် စိုက်ပျိုးရန် မသင့်တော်ပါဘူး။ အလင်းရောင်မလုံလောက်ပါက အပင်သည် နေရောင်ရရန် အထက်သို့ အတင်းလုတက်သဖြင့် ပင်စည်များ သေးသွယ်ပျော့ခွေပြီး လဲကျလွယ်တတ်ပါတယ်။ ထို့ပြင် အာဟာရကောင်းစွာမချက်လုပ်နိုင်ခြင်းကြောင့် အပွင့်ပွင့်မှုနည်းခြင်း၊ ပွင့်သမျှအပွင့်များ ကြွေကျခြင်း၊ အသီးတင်နှုန်း ကျဆင်းခြင်းနှင့် အသီးရင့်မှည့်ရန် အချိန်ကြာခြင်းတို့ ဖြစ်တတ်သည့်အပြင် စိုစွတ်မှုကြောင့် မှိုရောဂါများပါ ကျရောက်လွယ်ပါတယ်။ နေရာအခက်အခဲကြောင့် အရိပ်တွင် စိုက်ရမည်ဆိုပါက နေရောင်ဒဏ်ခံနိုင်ရည်ရှိသော ခရမ်းချဉ်သီးမျိုးကို ရွေးချယ်ခြင်း သို့မဟုတ် အိုးဖြင့်စိုက်ပျိုး၍ နေရောင်ရရှိသည့်နေရာသို့ ရွှေ့ပြောင်းပေးခြင်းမျိုး ပြုလုပ်သင့်ပါတယ်။

3,589 လွန်ခဲ့သော ၁ ပတ် က

ငရုတ်ဆိုရင်တော့ အရိပ်နည်းနည်းကျတဲ့နေရာမှာလည်း အဆင်ပြေတယ်

36 လွန်ခဲ့သော ၁ ပတ် က

네 심이 가능합니다

You

ဆက်စပ်မေးခွန်းများ

sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ

ဖြေကြားချက် 3 ခု

ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစ...

ဖြေကြားချက် 5 ခု

ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ

ဖြေကြားချက် 1 ခု

ဆရာ မိုးအရမ်းရွာနေပါတယ်ခင်ဗျ ခရမ်းချဥ်ခင်းအတွက်စိတ်ပူရပါတယ်😌 အရမ်းချဥ်က သီးလွန်းတော့ ကြိုးတွေလဲမနိုင်တော့ဘူး...

ဖြေကြားချက် 2 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။