ဖရဲအရွက်တွေမှာပိုးမကျပဲအဲ့အတိုင်းတွေ့နေလို့ပါ ရှင်းပြပေးပါဦး
ပုံပါဖရဲရွက်တွင် တွေ့ရသော ရွက်ကြောကြား အဝါရောင် အကွက်ငယ်များသည် စုပ်စားပိုးများ (ဥပမာ - ပျပိုး၊ ယင်ဖြူ) မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါ (Mosaic Virus) သို့မဟုတ် စိုထိုင်းဆကြောင့် ဖြစ်ပွားသော ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew) လက္ခဏာနှင့် တူညီနေပါတယ်။ ရောဂါကို ထိန်းချုပ်ရန်အတွက် အပင်တွင် ခိုအောင်းနေသော စုပ်စားပိုးများကို ပိုင်မီထရိုဇိုင်း သို့မဟုတ် အီမီဒါကလိုပရစ် ကဲ့သို့သော ပိုးသတ်ဆေးများဖြင့် နှိမ်နင်းရမည်ဖြစ်ပြီး၊ ဒေါင်းနီးရောဂါအတွက် Dimethomorph + Cymoxanil သို့မဟုတ် ကော့ပါးပါဝင်သော မှိုသတ်ဆေးများကို အမြန်ဆုံး ပက်ဖျန်းပေးရန် လိုအပ်ပါတယ် ထို့ပြင် အပင်ခံနိုင်ရည်ရှိစေရန် အနည်းလိုအာဟာရဓာတ်များကိုပါ ဖြည့်တင်းပေးသင့်ပါတယ်။စုပ်စားပိုးကျခဲ့တာလုံးဝမရှိဘူးဆိုရင်တော့ မှိုရောဂါဖြစ်ဖို့သေချာပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
မိုးဖရဲက ဘယ်နှရက်သားဆိုခူးလို့ရပီလည်း
ဖြေကြားချက် 1 ခု
ဖရဲသီးရွက်က ခြောက်နေတယ်ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 3 ခု
ဖရဲသီးရွက်ခြောက်ကဘာဆေးနဲ့ကုရမလဲ
ဖြေကြားချက် 2 ခု
ဖရဲပင်တပင်ကိုအပင်သန်ပေမဲ့ တလုံးပဲတင်လို့ပါ။ တလုံးသန်လာပြီး ကျန်အလုံးများကကြက်ဥအရွယ်မှာပိန်ရှုံ့ပြီး ကြွေကြသွား...
ဖြေကြားချက် 3 ခု
ဒီမြေဖရဲစိုက်လိုအဆင်ပြေမလားဗျ ဘယ်နှစ်ထုပ်စိုက်ရမလဲ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။