အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,549
လွန်ခဲ့သော ၃ ပတ် က · ငပုတော

ကွမ်းရွက်က ဘာဖြစ်တဲ့လက္ခဏာလဲဆရာ ဘာဆေးဖျန်းရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ပိုးမွှားရောဂါ ကွမ်း
Post image

ဖြေကြားချက် ၄ ခု

29 လွန်ခဲ့သော ၃ ပတ် က

ပိုးကနြတေယျ

349,542 လွန်ခဲ့သော ၃ ပတ် က

ဟုတ်ကဲ့၊ ကော့ပါးဖျန်းဖျန်းကာဆူဖျန်းဖျန်း‌ အောက်ဆိုလင်းနစ်ဖျန်းဖျန်း ဆေးတစ်ကြိမ်ဖျန်းပြီးတိုင်ရောဂါလက္ခဏာများဆက်လက်ပျံ့ပွားခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါဗျ။

1,549 လွန်ခဲ့သော ၃ ပတ် က

အပင်တော်တော်များများအဲ့လိုဖြစ်နေတယ် အရင်လက ရာဇဖွားဖျန်းထားပါတယ် အရင်လက ဆီစွန်းလက္ခဏာတွေလို့ ဖျန်းတာ ပျောက်သွားလို့ ဆက်မဖျန်းတော့တာ တလကျော် နှစ်လနီးပါးလောက်ရှိပြီ ကာဆူကာမိုင်စင်,ကော့ပါးအောက်စီကလိုရိုက် အိုစိုလိုနစ်အက်ဆစ် ဝယ်ထားတာရှိပါတယ် အိုဆိုလိုနစ်က တစ်ခါမှ မဖျန်ဘူးသေးပါဘူးဗျ

349,542 လွန်ခဲ့သော ၃ ပတ် က

ပုံပါ ကွမ်းရွက်တွင် တွေ့ရသော လက္ခဏာမှာ ဘက်တီးရီးယားကြောင့် ဖြစ်ပွားသည့် "ကွမ်းဆီစွန်းရောဂါ"ပါ။ အဆိုပါရောဂါသည် အရွက်ပေါ်တွင် အညိုရောင်/အမဲရောင် ပုံသဏ္ဍာန်မမှန်သော အစက်အပြောက်ငယ်များအဖြစ် စတင်တတ်ပြီး စိုထိုင်းဆများပါက အကွက်များကြီးလာကာ အရွက်များ ပုပ်ခြောက်ပျက်စီးစေပါတယ်။ နှိမ်နင်းရန်အတွက် ရောဂါရအရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးပစ်ရမည်ဖြစ်ပြီး၊ Kasugamycin (ကာဆူဂါမိုင်စင်) သို့မဟုတ် Copper Oxychloride (ကော့ပါးအောက်ဆီကလိုရိုက်) , Bismerthiazole, Oxolinic acid ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးနှင့် ကော့ပါးမှိုသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ထို့ပြင် ရောဂါဖြစ်ပွားနေစဉ်အတွင်း ယူရီးယားကဲ့သို့သော နိုက်ထရိုဂျင်ဓာတ် မြေသြဇာကျွေးခြင်းကို ခေတ္တလျှော့ချ သို့မဟုတ် ရပ်ဆိုင်းထားပေးရပါမယ်။ကွမ်းခြံကို ပိုမိုထိရောက်စွာ ပြုစုကုသနိုင်ရန်အတွက် လက်ရှိ ကွမ်းခြံထဲတွင် ရောဂါကူးစက်မှု အခြေအနေ (အပင်အနည်းငယ်လား သို့မဟုတ် တစ်ခြံလုံးလား) နှင့် မကြာသေးမီက ဘာဆေးတွေ ဖျန်းထားမိသေးလဲ ဆိုတာကို ပြောပြထားပေးပါဦး။

You

ဆက်စပ်မေးခွန်းများ

အမည်းအလုံးတွေကဘာကြောင့်ဖြစ်တာလဲဘယ်လိုလုပ်ရမလဲပြောပြပေးပါဦးဆရာတို့

ဖြေကြားချက် 2 ခု

ကွမ်းပင်အခုလိုဖြစ်နေလို့ပါ ခုလက်ရှိတော့ ပုံထဲကဆေး ဖျန်းထားပါတယ် အကြံပေးပါအုံးဆရာ

ဖြေကြားချက် 3 ခု

စိမ့်ကိုင်နေတဲ့နေရာကိုထုန်းချလို့ရလားဗျ ချလို့ရမရနဲ့ ထုန်းချရင် ကောင်းကျိုးဆိုးလေးပြောပြပေးကြပါအုန်းဗျား

ဖြေကြားချက် 3 ခု

ကွမ်းနဲ့ပတ်သက်ပြီးထပ်မေးချင်ပါတယ်ဆရာ အမြစ်တွေပေါ်နေလို့ မြေပြန်ဖို့တာ ကောင်းကျိုးဆိုးကျိုးသိချင်ပါတယ် နောက်တစ်...

ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။