အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝင်းမင်းအောင်
လွန်ခဲ့သော ၂ လ က · မတ္တရာ

ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား

ခေတ်သစ်စိုက်ပျိုးရေး ခရမ်းချဉ်
Post image

ဖြေကြားချက် ၄ ခု

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 220,328 လွန်ခဲ့သော ၂ လ က

စိုကျလို့ရပါတယျ

U Tin Htut Aung
U Tin Htut Aung 192 လွန်ခဲ့သော ၂ လ က

ခရမ်းချဉ်ကို သဘာဝနည်းဖြင့် ဘယ်လိုကာကွယ်ရမလဲ

သော်ဇင်
သော်ဇင် 453,489 လွန်ခဲ့သော ၂ လ က

ပုံပါ ခရမ်းချဉ်ပျိုးပင်များသည် အရွက်စစ်(၃ ရွက်မှ ၅ ရွက်ခန့်) ထွက်ရှိနေပြီး ဖြစ်၍ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရန် အချိန်တန်ပါပြီ။ အပင်များ မြေကျ စောလွန်းခြင်း သို့မဟုတ် နောက်ကျလွန်းခြင်းမရှိဘဲ သန်မာနေသည့် အဆင့်ဖြစ်ပါတယ်။ စိုက်ပျိုးရာတွင် အပင်နာခြင်းမှ ကာကွယ်ရန် ညနေပိုင်း သို့မဟုတ် မိုးအုံ့ချိန်တွင် ရွေးချယ်စိုက်ပျိုးသင့်ပြီး ပင်စည်မှ အမြစ်သစ်များထွက်စေရန် မြေကြီးထဲ နက်နက်မြုပ်၍ စိုက်ပေးရပါမည်။ မပြောင်းရွှေ့မီ နေရောင်ခြည်နှင့် အသားကျအောင် ရောင်ခြည်ပြပေးခြင်း ကိုလည်း ပြုလုပ်ပေးရပါမယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,161 လွန်ခဲ့သော ၂ လ က

အပင်ပေါက်က ၄-၆ ပတ်သား၊ ၆-၈ လက်မအမြင့်လောက်ဆို စိုက်လို့ရပါပြီ။ အစစ်ရွက် ၄-၆ ရွက် (စကြာလည် လို့ခေါ်မလား) ထွက်လာတဲ့အချိန်ဆို ရွေ့လို့ရပါပြီ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။