ဖြေကြားချက် ၂ ခု
ကျေးဇူးပါ
စပါးမျိုးသန့်ထုတ်တဲ့အခါမှာ သုံးတဲ့ စကားလုံးတွေပါ။ အရင်ဆုံး BS - အခြေခံမျိုးအဆင့် - ၁ ကို မိဘမျိုးစေ့လို့လဲ ခေါ်ကြပါတယ်။ မျိုးတစ်မျိုးခြင်းစီရဲ့ ဗီဇလက္ခဏာတွေ ပြည့်ဝဖို့ လိုအပ်ပါတယ်။ မိဘမျိုးစေ့မှာ သန့်မှ ကျန်မှ မျိုးဆက်တွေ သန့်မှာပါ။ FS - အခြေခံမျိုးအဆင့် - ၁ ကို ဆင့်ပွားမျိုးစေ့လို့လဲခေါ်ပါတယ်။ မိဘမျိုးစေ့ကနေ ပြန်ပွားယူတာဖြစ်ပါတယ်။ RS - မျိုးသန့်အဆင့် - ၁ ကို မျိုးသန့်မျိုးပွားမျိုးစေ့လို့ ခေါ်ပါတယ်။ FS ကနေ ပွားယူတာ ဖြစ်ပါတယ်။ ဒီအဆင့်ထိကိုတော့ စိုက်ပျိုးရေးဌာန မျိုးစေ့ခြံတွေမှာ ထုတ်ပါတယ်။ CS - မျိုးသန့်အဆင့် - ၂ ကို စီးပွားဖြစ် မျိုးသန့်မျိုးစေ့လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုနဲ့ မျိုးသန့်စံပြရွာများ၊ အကျိုးဆောင် တောင်သူများနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္မဏီများတွင် ပွားများပါတယ်။ ဒီအဆင့်က ထွက်လာတဲ့ မျိုးသန့်တွေကို စိုက်ပျိုးမယ့် တောင်သူတွေလက်ထဲ ပို့ဆောင်ပေးပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဟဲဟိုးနယ်ဖက်စိုက်သည့် ဘက်စမာတီစပါးမျိုးကို မိုးရာသီရေနစ်တတ်သည့်ရေဦးနယ်မှ လယ်ဧကရှစ်ဆယ်တွင် သင့်တော်မည့်လ၌စိုက်...
ဖြေကြားချက် 1 ခု
ဟဲဟိုးစိုက်basmartyဘက်စမာတီ စပါးမျိုးကို မိုးအခါရေနစ်တတ်သည့်ရေဦးနယ်တွင် စိုက်ရန်သင့်တော်မည့်လ၌စိုက်လိုပါသည်၊...
ဖြေကြားချက် 1 ခု
ယခုလက်ရှိပေါ်နေတဲ့ Basmati မျိုးစပါးဘယ်ကဝယ်ယူရနိုင်မလဲသိချင်လို့ပါ ယခုရှမ်းပြည်ဖက်မှာတော့ စိုက်ကြတယ်လို့ပြောကြ...
ဖြေကြားချက် 4 ခု
ဂျပန် မျိုးစပါး ဘယ်မှာရလဲခင်ဗျ
ဖြေကြားချက် 1 ခု
ရွှေဘိုဘေးကျား သက်တန်းလေးသိသလားခင်ဗျာ
ဖြေကြားချက် 1 ခု