ဖြေကြားချက် ၁ ခု
နှမ်းသီးနှံတွင် EM 1 (အကျိုးပြုအဏုဇီဝဖျော်ရည်) ကို အရွက်ဖျန်းအဖြစ် အသုံးပြုရာ၌ အခြေခံအားဖြင့် EM နှင့် ရေကို ၁ : ၁၀၀၀ အချိုးဖြင့် ရောစပ်ရပါမည်။ ရေအသုံးများသော စိုက်ပျိုးရေးသုံး ဆေးဖျန်းပုံး (၅ ဂါလံ / ၂၀ လီတာဆံ့) တစ်ပုံးလျှင် EM ဖျော်ရည် ၂၀ မီလီလီတာ (20 cc သို့မဟုတ် ဟင်းစားဇွန်း ၂ ဇွန်းခန့်) ထည့်သွင်းရပါမည်။ ပိုမိုထိရောက်စေရန် EM မိခင်ရည်ကို တိုက်ရိုက်မသုံးဘဲ တင်လဲရည်၊ ရေတို့ဖြင့် အဆင့်ဆင့်ပွားယူထားသော အသင့်သုံးဖျော်ရည် (Activated EM) ကိုသာ အသုံးပြုသင့်ပြီး နှမ်းပင်သက်တမ်းတစ်လျှောက် ၇ ရက်မှ ၁၀ ရက်တစ်ကြိမ်နှုန်းဖြင့် နေရောင်ပြင်းချိန်ကိုရှောင်ကာ နံနက်စောစော သို့မဟုတ် ညနေစောင်းတွင် ပက်ဖျန်းပေးရပါမည်။ သတိပြုရန်မှာ EM သည် သက်ရှိအဏုဇီဝပိုးများ ဖြစ်သောကြောင့် မှိုသတ်ဆေး၊ ပိုးသတ်ဆေး စသည့် ဓာတုဆေးဝါးများနှင့် လုံးဝ (လုံးဝ) ရောစပ်အသုံးပြုခြင်း မပြုရပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါ...
ဖြေကြားချက် 2 ခု
နှမ်းခင်းမှာပေါက်တကိတဲ့ပေါင်းတွေကိုနှမ်းမစိုက်ခင်ပေါင်းသတ်ဆေးဖျန်းရင်နှမ်းစိုက်တဲ့အခါနှမ်းအတွက်အန္တရယ်ရှိလားဗျ
ဖြေကြားချက် 1 ခု
နှမ်းခင်းမှာပုံထဲကအတိုင်းအဖျားပိုင်းကျိုးပြီးပျက်နေတာ ရောဂါပိုးမွှားကြောင့်လားသိချင်ပါတယ်
ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
ဖြေကြားချက် 1 ခု
နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။
ဖြေကြားချက် 1 ခု