အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တွတ်ပီ
လွန်ခဲ့သော ၁ လ က · တွံတေး

အမိုင်နိုအက်စစ်ကိုပဲတီစိမ်းမစိုက်ခင်မြေကြီးမှာဖျန်းရင် ဘာအကျိုးကျေးဇူးရနိုင်ဗျ

မြေဆီလွှာ ပဲတီစိမ်း

ဖြေကြားချက် ၂ ခု

တွတ်ပီ
တွတ်ပီ 221 လွန်ခဲ့သော ၁ လ က

ကျေးဇူးပါဗျ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၁ လ က

- မြေဩဇာအနေနဲ့သုံးမယ်ဆိုရင် မြေကြီးဖွဲ့စည်းပုံကောင်းစေပြီး အာဟာရဓာတ်ကို တိုးစေပါတယ်။ ငါးအမိုင်အက်ဆစ်က မြေကြီးကိုမွစေပြီး အဏုဇီဝပိုးကောင်လေးတွေနဲ့ တီကောင်တွေကိုရှင်သန်စေတာကြောင့် သန်စွမ်းတဲ့မြေကြီးအဖြစ် ဖန်တီးပေးပါတယ်။ - အပင်တွေရဲ့ အမြစ်တွေ၊ အရွက်တွေ ဖွံ့ဖြိုးမှုအားကောင်းစေပြီး အပင်ပေါက်လေးတွေအတွက် အစာချက်လုပ်မှုလုပ်ငန်းစဉ်ကို ကူညီပေးပါတယ်။ ငါးအမိုင်နိုဖြန်းပေးခြင်းက သိသိသာသာနဲ့အရွက်တွေစိမ်းလာတာကို တွေ့ရမှာပါဗျ။ - အပင်တွေမှာ stress factors လို့ခေါ်တဲ့ အပူချိန်မြင့်ခြင်း၊ အစိုဓာတ်အလွန်မြင့်ခြင်းဒဏ်တွေကို ခံနိုင်ရည်မရှိပါဘူး။ ဒါပေမယ့် ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးမယ်ဆိုရင်တော့ ဒီလိုဖြစ်ခြင်းကို ထိန်းညှိပေးရုံသာမက ဖြစ်ပြီးသားအပင်တွေကို ဖြန်းပေးမယ်ဆိုရင်လည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။ - ပန်းပွင့်မှုအားကောင်းစေသလို ဝတ်မှုံတွေအညှာင့်ပေါက်မှုကိုလည်း တိုးစေတာကြောင့် အသီးတည်မှုလည်းကောင်းစေပါတယ်။ ဒါ့ကြောင့် သီးနှံပင်တွေအရည်အသွေးကောင်းစေရုံသာမကပဲ အထွက်နှုန်းကိုပါ တိုးလာစေပါတယ်။ - ငါးအမိုင်နိုအက်ဆစ်ဖြန်းပေးခြင်းက သီးနှံပင်ရဲ့စွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး တချို့ဆားပေါက်မြေတွေမှာတောင် ရှင်သန်နိုင်စေပါတယ်။ ငါးအမိုင်နိုအက်ဆစ်၏ အကျိုးပြုပုံများ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။