အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Chanmyaeoo
Chanmyaeoo 199
လွန်ခဲ့သော ၃ လ က · မင်းဘူး

18 ရက်နေ့က ပေါင်းသတ်ဆေးဖျန်းထားတဲ့ဆေးပုံးနဲ့ မှိုဆေးဖျန်းမိပါသည် 21ရက်နေ့မှ သတိထားမိတော့ အပင်က ပုံထဲကအတိုင်းဖြစ်နေပါတယ် တစ်ခင်းလုံးပါ ခရမ်းချဉ်အောက် ပေါင်းပင်တွေလည်းဝါပြီး တွန့်နေပါသည် 1.ဗိုင်းရပ် 2.ဆေးလောင်တာ ဘာဖြစ်နိုင်မည်နည်း ကုသလို့ ရနိုင်/မရနိုင် နည်းလမ်းများ သုံးသပ်ကြည့်ရှု့ပေးကြပါအုံးခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၄ ရက်
ပိုးမွှားရောဂါ ခရမ်းချဉ်
Post image

ဖြေကြားချက် ၆ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,121 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

အရွက်ရဲ့ ဆေးထိနေရာတွေမှာ တွန့်ပြီး အရောင်ပျက်နေပါတယ်။ ပေါင်းသတ်ဆေးကြောင့်ဆေးလောင်တာဖြစ်နိုင်ပါတယ်။

Kyaw Zaw Wail
Kyaw Zaw Wail 67 လွန်ခဲ့သော ၂ လ က

ဆေးလောင်တာ

Kyaw Soe Naing
Kyaw Soe Naing 144 လွန်ခဲ့သော ၃ လ က

ဆေးလောင်တာ

Chanmyaeoo
Chanmyaeoo 199 လွန်ခဲ့သော ၃ လ က

ဆရာ စုပ်စားဆေးနဲ့ အမိုင်နိုဆေးကို ရောဖျန်းပြီး အနေ့က ရေသွင်းခဲ့ပါသည်ခင်ဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,121 လွန်ခဲ့သော ၃ လ က

ဗိုင်းရပ်စ်မဟုတ်လို့၊ပြန်ကုစားလို့ရပါတယ်။အမိုင်နိုအားဆေး သို့မဟုတ် up. အပ် အားဆေးကို ဆေးတပုံး၅၀စီစီနုန်း ၅ရက်ခြား၂ကြိမ်ဖျန်းပါ။အရွက်နုလေးတွေ ထွက်လာရင် ပြန့်လာပါမာ်။

Chanmyaeoo
Chanmyaeoo 199 လွန်ခဲ့သော ၃ လ က

ဟုတ်ကဲ့ဆရာ ပြန်လည်ကောင်းမွန်အောင် ကုသလို့ ရ/မရ နှင့် နည်းလမ်းလေးပေးပါအုံးခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။