အစာစပ်ပြောင်း ရောဂါကျပုံလေးပြောပေးပါ ဘာရောဂါလည်း ရွက်ခြောက်လား မှိုရောဂါလား
ပြောင်းဖူး အနက်စက်ပြောက်မှိုရောဂါ(Physoderma Brown Spot) ကျတာဖြစ်နိုင်ပါတယ်။ပြောင်းဖူး အနက်စက်ပြောက်မှိုရောဂါ သည် မှိုကြောင့်ဖြစ်ပွားပြီး ရေဝပ်ခြင်းနှင့် စိုထိုင်းဆများသော ရာသီဥတုတွင် အဖြစ်များပါတယ်။ ဤရောဂါကို ကုသရန်အတွက် အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုင်ဖီနိုကိုနာဇိုးလ်(Difenoconazole) ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို စိုက်ခင်းအနှံ့ ချက်ချင်း ပက်ဖြန်းပေးရပါမည်။ ထို့ပြင် ရောဂါပိုး ခိုအောင်းနေသည့် အောက်ခြေရွက်ဟောင်းများကို ဆွတ်ခူး မီးရှို့ဖျက်ဆီးခြင်းနှင့် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ ဖောက်ပေးခြင်းတို့ကို တစ်ပြိုင်နက် လုပ်ဆောင်ရပါမယ်။ ဤမှိုမျိုးမှုန်များသည် မြေကြီးထဲတွင် ၃ နှစ်မှ ၇ နှစ်အထိ ရေရှည်ရှင်သန်နိုင်သဖြင့် နောင်ရာသီများတွင် ပဲမျိုးစုံနှင့် သီးလှည့်စိုက်ပျိုးခြင်း၊ ရိုးပြတ်များကို မီးရှို့ရှင်းလင်းခြင်းနှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ရေရှည်ကာကွယ်နိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာခင်ဗျ စစ်ရှောင်နေရလို့ တစ်ပတ်လောက်လောက် ပြောင်းဖူးခင်းကိုမကြည့်နိုင်ဘူးဗျ အခုပြန်ရောက်ကြည့်တော့ ပြောင်းဖူး...
ဖြေကြားချက် 2 ခု
ဆရာကြည့်ပေးပါအူးဗျ နွားကျွေးဖို့ ပြောင်းကြဲထားတာဆရာ ၃ ပတ်ရှိပီဆျာ့ တစ်ခြမ်းက အပင်မသန်ပဲ တစ်ခြမ်းက အပင်သန်တယ်ဆ...
ဖြေကြားချက် 1 ခု
အစာစပ်ပြောင်း17ရက်သားပါ အပင်ကိုအာဟာရဖြည့်ဆေးဖျန်းချင်တာ ဘယ်အချိုးဖျန်းသင့်လည်း 25ရက်သားမှ ပုလဲကျွေးမည်။
ဖြေကြားချက် 1 ခု
ပြောင်းဖူးပင်က အဖူးကအရွက်တွေတအားထွက်နေလြိ့ဘလိုလုပ်ရမလဲရှင်သုံးဖူးလေးဖူးလောက်ကိုထွက်နေတာ မျိုးက702ပါ
ဖြေကြားချက် 2 ခု
ဖူးစားပြောင်းခုရက်တေဘောင်တင်ပိစိုက်လို့ရလားဗျခြံကုန်းေမြမာ
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။