အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၇ နှစ် က · ရေတာရှည်

သဲမြေ ၅ဧကလောက်ရှိပါတယ် မြေပဲစိုက်ချင်လို့ပါ ဘယ်အချိန်မှဘယ်လိုစိုက်ရမယ်ဆိုတာတရယ် မြေပဲစိုက်နည်း မြေပြင်နည်းလေး...

သဲမြေ ၅ဧကလောက်ရှိပါတယ် မြေပဲစိုက်ချင်လို့ပါ ဘယ်အချိန်မှဘယ်လိုစိုက်ရမယ်ဆိုတာတရယ် မြေပဲစိုက်နည်း မြေပြင်နည်းလေး အလင်းပြပေးပါဦး တခါမှမစိုက်ဖူးလို့ပါ

စိုက်ပျိုးစီးပွား မြေပဲ မြေပဲစိုက်ပျိုးနည်း
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၇ နှစ် က

မြေပြင်ခြင်း တစ်ဧကလျှင် နွားချေး(၅-၁၀)စီးခန့်ချပါ။ ကျောက်မှုန့် မြေသြဇာ(အိတ်ဝက်)ကို မြေခံတွင် ထည့်သွင်း ထားပေးပါ။ (တစ်ဧကလျှင်တစ်အိတ်နှုန်း) မျိုးရွေးချယ်ခြင်း ဒေသနှင့် ကိုက်ညီသည့် အထွက်ကောင်း မျိုးများကို ရွေးချယ် အသုံးပြု၍ စိုက်ပျိုးသင့်သည်။ တစ်ဧကအတွက် မျိုးစေ့နှုန်းမှာ အစေ့ ၁.၅တင်း၊ အတောင့် ၆တင်း အသုံးပြုပါ။ အပင်ပေါက်နှုန်း (၈၀%) အထက်ရှိသော မျိုးစေ့များကို အသုံးပြုပါ။ အစေ့သေးလွန်း၊ ကြီးလွန်းသော မျိုးစေ့များ အသုံးမပြုသင့်ပါ။ စိုက်ပျိုးခြင်း စိုက်ပျိူးခါနီးတွင် မြေပဲမျိူးစေ့ကို လူးနယ်ဆေးလူးပါ။ လူးနယ်မည့် မြေပဲမျိုးစေ့ကို တောင်း(သို့မဟုတ်) သံပုံး တွင်ထည့်၍ ထမင်းရည်အေးအေးကို စိုစွတ်ရုံ ထည့်၍ လူးနယ်ပါ။ နှံ့စပ်သွားလျှင် လူးနယ်ဆေးကို ဖြူးထည့်၊ လူးနယ်ပြီး မျိုးစေ့ကို လေသလပ် အခြောက်ခံပြီးမှ စိုက်ပျိုးရန်။ မျိုးစေ့ကို မစိုက်ပျိုးမီ ၁နာရီမှ၂နာရီအတွင်း ကြိုတင်၍ လူးနယ် ထားရန်။ တစ်ဧကအတွက် လူးနယ် ဆေးလူးထားသော မျိူးစေ့ (၁တင်း-၁တင်းခွဲ)ကို အတန်း အကွာအဝေး (၁၄)လက်မခြားဖြင့် ကြွက်မြီးတန်း ချပါ။ စိုက်ကြောင်း အတိမ်အနက် (၁.၅လက်မ-၂လက်မ အတွင်း) အစိုဓါတ်မိအောင် စိုက်ပါ။ တစ်ဧကကို အပင်ဦးရေ (၁) သိန်းကျော်ဝင် ဆန့်အောင် စိုက်ပျိုးပါ။ သဘာဝမြေသြဇာများ သို့မဟုတ် အီးအမ္ဘိုကာရွိကို (၇-၁၀) အိတ်ကို စိုက်ကြောင်းထဲသို့ ထည့်ပေးပါ။ အကယ်၍ ဓာတ်မြေသြဇာ အသုံးပြုလိုပါက တစ်ဧကလျှင် ပုလဲ(၂၈-၅၆ပေါင် သို့ ၈ပြည်- ၁၅ပြည်)၊ တီစူပါ (၈၄-၁၁၂ပေါင် သို့ ၂၃ပြည်-၃၁ပြည်)၊ ပိုတက် (၃၈ ပေါင် သို့ ၂၃ ပြည်) ကို စိုက်ကြောင်းအတွင်း လိုက်ဖြူးထည့်ပေးပါ (သို့မဟုတ်) ကွန်ပေါင်း မြေသြဇာတစ်အိတ်ကို ထည့်ပေးပါ။ အပြည့်အစုံအောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-groundnut

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။