နှမ်းခင်းနွားသေးဖြန်းပြီးနောက်နေ့ပိုးသတ်ဆေးဖြန်းလို့ရလားသိချင်ပါတယ်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၀ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် တိမ်ထူထပ်
နွားကျင်ငယ်ရည် ဖျန်းပြီးနောက် နောက်ရက်မှ ပိုးသတ်ဆေးကို ခွဲ၍ဖျန်းခြင်းသည် နှမ်းပင်များအတွက် အလွန်ဘေးကင်းပြီး ဆေးအာနိသင်ကိုလည်း အပြည့်အဝ ထိရောက်စေပါတယ်။ သို့သော် နွားကျင်ငယ်ရည် အဆီအနှစ်များ အရွက်ပေါ်တွင် ကျန်ရှိနေသေးပါက ပိုးဆေးနှင့် ဓာတ်ပြုနိုင်ခြေ ရှိသေးသဖြင့် အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့် ခြားပြီးမှ ဖျန်းပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဤသို့ ရက်ခြားဖျန်းခြင်းဖြင့် နွားကျင်ငယ်ရည်ကြောင့် အပင်က အားအင်ပြည့်ဝနေပြီး ပိုးသတ်ဆေး ဖျန်းသည့်အခါတွင်လည်း ပိုးမွှားများကို အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနိုင်မည် ဖြစ်ပါလိမ့်မယ်ခင်ဗျာ။
ရပါတယ်ဗျ။ နွားသေးကို ၁၅ ရက် လေလုံအောင် ပိတ် သိမ်းထားပြီး ဖျန်းရင်လည်း ပိုးနှင်တဲ့အာနိသင်ပါ ပေးတာကြောင့် ပိုးသတ်ဆေးဖျန်းရတာကိုလည်း သက်သာစေပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းခင်းမှာပန်းစပွင့်နေပြီနွားသေးဖြန်းလို့ရသေးလားသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းမှာနွားသေးကိုဘယ်နှစ်ရက်သားလောက်အထိဖြန်းလို့ရလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းအပင်သက်တမ်းဘယ်နှစ်ရက်သားလောက်အထိနွားသေးဖြန်းလို့ရလဲ နွားသေးကိုဘယ်နှစ်ရက်ခြားpဖြန်းသင့်လဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ဆေးဖြန်းထားပြီး 6ရက်နေ့ပါ ဘာလိုကာကွယ်ရမလဲ
ဖြေကြားချက် 2 ခု
ဘာရောဂါဖြစ်တာလဲမသိဘူးဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။