ဖြေကြားချက် ၂ ခု
မိုးစပါးရိုးပြတ်များကို မီးမရှို့ဘဲ မြေဆီလွှာထဲသို့ ထည့်သွင်းဆွေးမြည့်စေခြင်းသည် မြေပွလာစေပြီး ရေနှင့် လေဝင်လေထွက်ကို သိသိသာသာ ကောင်းမွန်စေပါသည်။ ရိုးပြတ်များ ဆွေးမြည့်ခြင်းကြောင့် နှမ်းသီးနှံအတွက် အလွန်အရေးကြီးသော ပိုတက်စီယမ် (K) ဓာတ် အမြောက်အမြားအပြင် နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P) နှင့် အခြားအနည်းလိုအာဟာရဓာတ်များကို မြေဆီလွှာထဲသို့ ပြန်လည်ဖြည့်တင်းပေးပါသည်။ သို့သော် ရိုးပြတ်များဆွေးမြည့်ဆဲကာလတွင် အဏုဇီဝပိုးများက နိုက်ထရိုဂျင်ကို လုယူသုံးစွဲတတ်သဖြင့် နှမ်းပင်အဝါရောင်မပြောင်းစေရန် ယူရီးယားမြေဩဇာ အနည်းငယ် ထည့်သွင်းပေးဖို့ လိုအပ်ပြီး၊ မှိုရောဂါကာကွယ်ရန် မြေပြင်ချိန်တွင် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှို ထည့်သွင်းပေးသင့်ပါတယ်ခင်ဗျာ။
သစ်စိမ်းမြေဩဇာထည့်သလိုမျိုး လုပ်တာဖြစ်မယ်ဗျ။ အရမ်းကောင်းပါတယ်။ မြေကြီးထဲကို နိုက်ထရိုဂျင်၊ သစ်ဆွေးဓာတ်နဲ့ အခြားအဟာရတွေ ထည့်ပေးသလို မြေကြီးအတွက်လည်း အရမ်းကောင်းပါတယ်။ အထူးသဖြင့် အယ်နီညိုရာသီဥတုရဲ့ ပူပြင်းခြောက်သွေ့တဲ့ဒဏ်ကို အခြားစိုက်ခင်းတွေထက် ပိုခံနိုင်ရည် ရှိစေပါလိမ့်မယ်ဗျ။ သစ်ရွက်စိမ်းမြေသြဇာဆိုသည်မှာ
ဆက်စပ်မေးခွန်းများ
အရင်ကဒုံပေါက်လို့ နွားချေးချတယ်။ ဂျစ်ပဆန်ထည့်တယ်။ အခုတော့ ဒုံမတွေ့ရပေမယ့် မြေကကျစ်နေပါတယ်။ အဲဒီအခက်အခဲကို ဘယ်...
ဖြေကြားချက် 1 ခု
ပိုက်ဆံလျှော် မျိုးစေ့ထုတ်ချင်လို့ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ရက်ပေါင်း ဘယ်လောက်ကြာပါသလဲခင်ဗျ။
ဖြေကြားချက် 4 ခု
ဆရာ သစ်စိမ်းမြေဩဇာ လုပ်ရာမာ N P K ကြွယ်ဝတဲ့ ပိုက်ဆံလျော်တို့(သူများနိုင်ငံမျိုးရင်း) ၊ ပြီးတော့ မြန်မာနိုင်ငံ...
ဖြေကြားချက် 3 ခု
အယ်နီညိုရာသီဉတုရှိတယ်လို့ကြေငြာထားလို့ ဘာတွေပြင်ဆင်ထားရမလဲဗျ
ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မ...
ဖြေကြားချက် 4 ခု