ဖြေကြားချက် ၂ ခု
မိုးရာသီတွင် ပြောင်းကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် ရေမဝပ်စေရေးသည် အဓိကသော့ချက် ဖြစ်ပါတယ်။ စိုက်ခင်းအတွင်း ရေနုတ်မြောင်းများကို စနစ်တကျ ကြိုတင်တူးထားရမည်ဖြစ်ပြီး၊ စိုက်ပြီး ၁၀-၁၅ ရက်အတွင်း သန်မာသော အပင်တစ်ပင်တည်းချန်၍ သားခွဲပေးရပါမယ်။ ရက် ၂၀ သားတွင် ပထမအကြိမ် ပေါင်းရှင်းမြေဆွခြင်းနှင့် ယူရီးယားကျွေးခြင်းကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ရက် ၄၀ သားတွင်မူ ဒုတိယအကြိမ် ယူရီးယားကျွေးကာ လေပြင်းဒဏ်ခံနိုင်ရန် အပင်ခြေကို မြေဖို့၍ ဘောင်တင်ပေးရပါမည်။ ထို့ပြင် မိုးရာသီတွင် ဆိုးရွားစွာ ကျရောက်တတ်သော ဖောငမြောင်တောင်လောက်ကောင် (Fall Armyworm) နှင့် မှိုရောဂါများကို အပင်ငယ်စဉ်ကတည်းက အနီးကပ်စောင့်ကြည့်ပြီး အချိန်မီ ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒီအခင်းရော သုံးသပ်ေပးပါ
ဖြေကြားချက် 1 ခု
စိုက်ခင်းရဲ့သုံးသပ်ချက်သိချင်
ဖြေကြားချက် 2 ခု
23ရက်သား အပင်ပေါက်ကျဲလား အပင်သေးလား အပင်ပေါက်ညီသလားလို့
ဖြေကြားချက် 1 ခု
နွားသေးရယ်နောက်ချေးရယ် ထန်းလျက်ရယ် အားဆေးကဘလိုဖော်စပ်ရမလဲရှင့်
ဖြေကြားချက် 3 ခု
အစာစပ်ပြောင်း17ရက်သားပါ အပင်ကိုအာဟာရဖြည့်ဆေးဖျန်းချင်တာ ဘယ်အချိုးဖျန်းသင့်လည်း 25ရက်သားမှ ပုလဲကျွေးမည်။
ဖြေကြားချက် 1 ခု