အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဟိန်းသက်ဇော်
လွန်ခဲ့သော ၃ လ က · ရေနံချောင်း

မြေပဲအထွက်တိုးအောင်လုပ်နည်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
အပင်အာဟာရ မြေပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၃ လ က

တစ်ဧကလျှင် အပင်ဦးရေ ၁ သိန်းမှ ၁ သိန်း ၁ သောင်း ပြည့်မီရန်အတွက် ပင်ထောင်/ပင်ပြန့် အမျိုးအစားအလိုက် တန်းကြား၊ ပင်ကြား (ဥပမာ - ၁၅ လက်မ x ၄ လက်မ သို့မဟုတ် ၁၂ လက်မ x ၄ လက်မ) စိုက်စနစ်မှန်ကန်ရပါမည်။ မြေပဲသည် ကယ်လ်စီယမ်နှင့် ဘိုရွန်ဓာတ်ကို အထူးကြိုက်နှစ်သက်သဖြင့် မြေပြင်ချိန်တွင် ထုံးထည့်ခြင်းနှင့် သက်တမ်း ၃၅ ရက် ဝန်းကျင် မြေပဲမြစ်ဆွယ်ချချိန်တွင် ဂျစ်ဆမ် (Gypsum) ထည့်ပေးခြင်းဖြင့် အဆန်မအောင်ခြင်းနှင့် လေဥ ဥခြင်းကို ကာကွယ်နိုင်ပါသည်။ ပန်းပွင့်ချိန်တွင် ပေါင်းမြက်ကင်းစင်နေစေရန် ရက် ၂၀ နှင့် ရက် ၃၀ သားများတွင် ကြားတိုက်ဘောင်လုံးပေးခြင်းနှင့် အပင်ပေါက်စအဆင့်တွင် မြေအောင်းပိုးနှင့် မှိုရောဂါများအတွက် မျိုးစေ့လူးနယ်စိုက်ပျိုးခြင်းကို စနစ်တကျ ပြုလုပ်ခြင်းဖြင့် မြေပဲအထွက်နှုန်းကို သိသိသာသာ တိုးတက်စေနိုင်ပါသည်။အထက်ကဆောင်းပါးနှစ်ခုမှာလည်း လေ့လာကြည့်ပါဦးဗျ။

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၃ လ က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။