အစာစပ်ပြောင်းစိုက်ထားတာ 25မြောင်းရတယ် တစ်တန်းကို ငမြောင်တောင်ကိုက်တာ 8ပင်လောက်ပါတယ် ပိုးကျရာခိုင်နှုန်းကျ ဘယ်လောက်ရာခိုင်းနှုန်းလည်းရှင့်
ပြောင်းစိုက်ခင်း ၂၅ မြောင်းမှာ တစ်မြောင်းကို ပျမ်းမျှပိုးကိုက်ပင် ၈ ပင်ရှိတဲ့အတွက် တစ်ခင်းလုံးမှာ ပိုးကိုက်ပင်စုစုပေါင်း ၂၀၀ ပင် ရှိနေပါတယ်။ ပိုးကျရောက်မှု ရာခိုင်နှုန်း (%) ကို အတိအကျသိရှိနိုင်ဖို့ တစ်မြောင်းမှာရှိတဲ့ အပင်စုစုပေါင်းအရေအတွက်ကို သိဖို့လိုအပ်ပါတယ်။ အကယ်၍ တစ်မြောင်းမှာ အပင် ၄၀ စီရှိရင် ပိုးကျနှုန်း ၂၀% ရှိပြီး၊ အပင် ၈၀ စီရှိရင် ပိုးကျနှုန်း ၁၀% ရှိမှာဖြစ်ပါတယ်။ ပုံပါပြောင်းပင်ငယ်အဆင့်မှာ ပိုးကျနှုန်း ၂၀% နှင့်အထက် ရှိနေရင် စီးပွားရေးအရ ထိခိုက်မှုအဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ ငမြှောင်တောင်ပိုးအတွက် အီမာမက်တင်ဘင်ဇိုအိတ် သို့မဟုတ် ကလိုရန်ထရန်နီလီပရိုး ပိုးသတ်ဆေးတစ်မျိုးမျိုးကို ညနေစောင်းအချိန် အပင်ညွန့်ထဲရောက်အောင် အရေးပေါ် ဖြန်းပေးရပါမယ်။ မေးခွန်းရှင်အနေနဲ့ တစ်မြောင်းမှာ အပင်စုစုပေါင်း ဘယ်နှစ်ပင်ရှိလဲဆိုတာ ပြန်လည်ပြောပြပေးရင် ပိုမိုတိကျတဲ့အဖြေကို ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။