အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Htet Wai
Htet Wai 49
လွန်ခဲ့သော ၄ လ က · ဇလွန်

စပါးကြားထဲတွင် တတ်ပွတ် ကို စ​ပါးပင်လည်းမထိဆအာင် ဘယ်Aiနက်ရှင်းလည်းခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
စိုက်ပျိုး ရေ စပါး
1

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 399,773 လွန်ခဲ့သော ၄ လ က

သက်တမ်း ၂၀ ရက်ရှိ စပါးခင်းတွင် တုတ်ပတ်မြက်ကို နှိမ်နင်းရန် စပါးပင်မထိခိုက်သော ရွေးချယ်ပေါင်းသတ်ဆေးများ ဖြစ်သည့် ကွန်ပလိ+ဝိုက် တွဲဖက်ဆေး (AI: Penoxsulam + Cyhalofop-butyl နှင့် Bispyribac-sodium တို့ ပေါင်းစပ်မှု)၊ သို့မဟုတ် ရွှေပုလ္လင်ဆေး (AI: Fenoxaprop-p-ethyl + Quinclorac + Pyrazosulfuron-ethyl)၊ သို့မဟုတ် ခရေဇီဆေး (AI: Bispyribac-sodium 10% W/V SC) ကို အသုံးပြုရပါမည်။ ဆေးဖျန်းရာတွင် အာနိသင်အပြည့်အဝရရှိစေရန် စိုက်ခင်းအတွင်းရှိ ရေများကို ကုန်စင်အောင် ထုတ်ပစ်ပြီးမှ မြေစိုစွတ်မှုရှိစဉ် ညီညာစွာ ပက်ဖျန်းပေးရပါမည်။ ဆေးဖျန်းပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း စိုက်ခင်းထဲသို့ ရေပြန်သွင်းကာ ၃ ရက်မှ ၄ ရက်ခန့် ရေလှောင်ထားပေးခြင်းဖြင့် ပေါင်းပင်များကို အမြစ်ပြတ် သေကျေပျက်စီးစေနိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။