အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
samwim
samwim 7
လွန်ခဲ့သော ၃ လ က · ကလော

ကော်ဖီထုပ်ပိုးမစားအောင်ဘာဆေးကာကွယ်ရမလည်း

ပိုးမွှားရောဂါ ကော်ဖီ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၃ လ က

ပုံပါမေးခွန်း၏ "ကော်ဖီထုပ်ပိုး" ဆိုသည်မှာ စိုက်ပျိုးရေးတောင်သူများအခေါ် "ကော်ဖီစေ့ထိုးပိုး" သို့မဟုတ် "ဂေါ်ဖီထုပ်ဖျက်ပိုး" ကို ဆိုလိုခြင်းဖြစ်နိုင်မယ်လို့ထင်ပါတယ်။ အကယ်၍ ကော်ဖီစေ့ထိုးပိုးအတွက်ဆိုလျှင် သီးနှံရိတ်သိမ်းပြီးနောက် အပင်ပေါ်နှင့် မြေပေါ်ရှိ အသီးဟောင်းများကို အကုန်ကောက်ယူဖျက်ဆီးပစ်ခြင်း၊ မက်သနော၊ အီသနောရောစပ်ထားသော ထောင်ချောက်များဖြင့် ဖမ်းဆီးကာကွယ်နိုင်ပါသည်။ ဂေါ်ဖီထုပ်ပိုးမစားအောင် ကာကွယ်ရန်အတွက်မူ အပင်ငယ်စဉ်တွင်တမာဆီ သို့မဟုတ် Bt ဘက်တီးရီးယားဆေး သုံးခြင်းနှင့် ပိုးကျရောက်မှုပြင်းထန်ပါက စပီနိုဆတ်(Spinosad) သို့မဟုတ် အီမာမက်တင်ဘန်ဇိုအိတ်(Emamectin Benzoate) ဓာတုပိုးသတ်ဆေးများကို ဆေးညွှန်းအတိုင်း လဲလှယ်ဖျန်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကော်ဖီပင်တွေစိုက်တာ တစ်လပြည့်ခါနီးပါပြီ အခု ဒီလို ကော်ဖီရွက်လေးတွေ တစ်ခြံလုံးလိုလို ဒီလိုပုံစံဖစ်နေပါတယ် ဘယ်...

ဖြေကြားချက် 2 ခု

ကော်ဖီပင်တွေစိုက်တာ တစ်လပြည့်ခါနီးပါပြီ အခု ဒီလို ကော်ဖီရွက်လေးတွေ တစ်ခြံလုံးလိုလို ဒီလိုပုံစံဖစ်နေပါတယ် ဘယ်...

ဖြေကြားချက် 2 ခု

ဆရာတို့ဆာလ်ဖာမှိုသတ်ဆေးကိုကိုယ်တိုင်ပြုလုပ်ချင်လို့ပါဆရာလုပ်နည်းလေးပြောပေးပါ

ဖြေကြားချက် 6 ခု

ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 2 ခု

ဖော်ပြပါဓါတ်ပုံအတိုင်း အမည်မသိရောဂါကျရောက်ဖျက်ဆီးနေပါတယ်။ရောဂါ အမျိုးအစားနှင့်ကုသကာကွယ်ရေးနည်းလမ်းပြန်ကြားပေး...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။