အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
စောလင်း
လွန်ခဲ့သော ၃ လ က · ဒေးဒရဲ

ဆရာခင်ဗျာ ကျွန်တော်စပါးမျိုးကဘေးကြားတောင်ပျံမျိုးပါ နှစ်စဉ်ရာသီဥတုကြောင့်ယိုင်လဲမှု့ဖြစ်ပါတယ် ယခုဆေး mepiquat chloride ကိုဖျန်းလို့အဆင်ပြေနိုင်မလား ဘယ်အချိန် ဘယ်လိုဖျန်းရမယ်ဆိုတာ သိချင်ပါတယ်ခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
စိုက်ပျိုးနည်း စပါး
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ဘေးကြားတောင်ပျံစပါးမျိုးသည် သက်တမ်းရင့်ပြီး အပင်မြင့်သဖြင့် ရာသီဥတုကြောင့် လဲကျတတ်ပါတယ်။ ပင်စည်သန်မာပြီး အဆစ်ကြားတိုစေရန် အပင်ကြီးထွားမှုထိန်းညှိဆေး Mepiquat chloride ဆေးကို စပါးပင် ပင်ပွားချိန်အတွင်း ဖျန်းပေးရပါမယ်။ ဆေးဗူးပါညွှန်ကြားချက်အတိုင်း (ယေဘုယျအားဖြင့် တစ်ဧက ၅၀-၁၀၀ ဂရမ်) အတိအကျသုံးစွဲရမည်ဖြစ်ပြီး၊ အပင်လဲခြင်းကို ပိုမိုကာကွယ်နိုင်ရန် ယူရီးယားဓာတ်မြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ကာ ပိုတက်ရှ်နှင့် ဆီလီကာ (Silica)မြေဩဇာကို တိုးမြှင့်ကျွေးပေးရပါမယ်ခင်ဗျာ။

ဇော်ဖြိုးအောင်
ဇော်ဖြိုးအောင် 12,540 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

mepiquat chloride က စပါးမှာတော့ မလိုအပ်ဘူးလို့ ယူဆပါတယ်။ အချိုးအစား၊နဲ့ အခြေအနေတွေ လွဲသွားရင်လဲ ကောင်းကျိုးထက် ဆိုးကျိုးကပိုများနိုင်ပါတယ်။ အပင်လဲမှာစိုးရင်တော့ ပုလဲ N အလွန်အကျွံ သုံးစွဲမှုကို ဂရုစိုက်ပါ။ potash မြေဩဇာ ပြည့်ဝလုံလောက်အောင်သုံးပေးပါ။ လို့ အကြံပြုချင်ပါတယ် ခင်ဗျာ။ ကျွန်တော့်ယူဆချက်ပါခင်ဗျာ။ နီးစပ်တဲ့ စိုက်ပျိုးရေး ဝန်ထမ်းများကိုလဲတိုင်ပင်ပြီး အကြံဉာဏ်ယူပါခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။