ဖြေကြားချက် ၄ ခု
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးရာသီ၌ ခရမ်းချဉ်ပင်ကို အမိုးအကာမပါဘဲ စိုက်ပျိုးနိုင်သော်လည်း ရေဝပ်ခြင်းနှင့် မှိုရောဂါကျရောက်ခြင်းတို့မှ ကာကွယ်ရန် အထူးဂရုစိုက်ရပါမယ်ခင်ဗျာ။ စိုက်ပျိုးရာတွင် အမြစ်များ ရေမဝပ်စေရန် အနည်းဆုံး ၁ ပေခန့်မြင့်သော စိုက်ဘောင်များစနစ်တကျ ပြုလုပ်၍ ရေနုတ်မြောင်းများ ဖောက်ပေးရပါမည်။ ရွေးချယ်ရမည့် မျိုးစေ့များမှာ မိုးဒဏ်နှင့် ဘက်တီးရီးယားပင်ညှိုးရောဂါ ခံနိုင်ရည်ရှိသည့် Hybrid (F1) စပ်မျိုးများ ဖြစ်သင့်ပါတယ်၊မျိုး စေ့အရောင်းဆိုင်တွေမှာ မေးမြန်းဝယ်ယူပါ၊မျိုးစေ့ အကြောင်း မျိုးစေ့ဆိုင်တွေကပိုနားလည်ပါတယ်။ အမိုးမရှိသဖြင့် အပင်လဲခြင်းနှင့် အသီးပုပ်ခြင်း ကာကွယ်ရန် တိုင်ထောင်စင်တင်ခြင်းကို မဖြစ်မနေ ပြုလုပ်ရမည့်အပြင် မိုးရွာပြီးစအချိန်များတွင် မန်ကိုဇက် ကဲ့သို့သော မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သောအားဖြင့် ပက်ဖျန်းပေးရန် လိုအပ်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျ...
ဖြေကြားချက် 2 ခု
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အ...
ဖြေကြားချက် 2 ခု
အပင်စိုက်နည်း မှန်လားဗျ၊မိုးတွေလည်း တအားရွာထားတယ်၊ဘာဆက်လုပ်သင့်လဲ
ဖြေကြားချက် 1 ခု
အစိမ်းရောင်လမ်း မှ စိုက်ပျိုးရေး ဆရာဆရာမ များခမျာ ကျနော့်အနေနဲ့ ထုံး နဲ့ ဒုတ်ထာ ရောစပ်ပြီး ဘော်ဒိုဆေး ဖော်စပ်...
ဖြေကြားချက် 1 ခု
ဆရာခင်ဗျ ခရမ်း နဲ့ ခရမ်းချဥ်စိုက်မဲ့မြေကို အခုပုံပါ ပေါင်းအုပ်ဆေးလေး ပါးပါးဖျန်းခဲ့ပါတယ်ခင်ဗျ အန္တရာယ်ရှိနိုင်...
ဖြေကြားချက် 2 ခု