ဖြေကြားချက် ၂ ခု
မုန်လာဥဖြူသည် ရက်တိုသီးနှံဖြစ်ပြီး မျိုးအမျိုးအစားပေါ် မူတည်၍ သက်တမ်း ၃၅ ရက်မှ ရက် ၆၀ အတွင်း နှုတ်ယူနိုင်ပါသည်။ သင်စိုက်ပျိုးထားသောအပင်သည် သက်ငယ်မျိုး (သို့မဟုတ်) အချင်း ၁ လက်မခွဲခန့် ရှိနေပြီဆိုလျှင် ယခု ၃၅ ရက်သားတွင် စတင်နှုတ်ယူနိုင်ပါပြီ။ သို့သော် သက်ကြီးမျိုးဖြစ်ပါက ဥအူချောင်ခြင်း မဖြစ်စေရန် နောက်ထပ် ၅ ရက်မှ ၁၀ ရက်ခန့် ထပ်မံစောင့်ဆိုင်းပြီးမှ နှုတ်သိမ်းရန် အကြံပြုလိုပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မှုံလာဥဖြူ၂၅ရက်သားရှိပါပြီဥအားဆေးဘာဆေးတွေသုံးသင့်လဲဖြေပေးပါအုံး
ဖြေကြားချက် 2 ခု
အခုရာသီမှ မုန်လာဥဖြူရေသွင်းပြီးစိုက်ရင်ဖြစ်ထွန်းပါမလာဆရာတို့
ဖြေကြားချက် 2 ခု
ဒါမုန်လာပင်လားဗျ မျိုးစေ့ကိုကောဘယ်ချိန်ဘယ်လိုထုတ်ယူရမလဲခင်ဗျ
ဖြေကြားချက် 2 ခု
မှုံလာဥဖြူဘယ်ဈေးရှိကျလဲဗျ
ဖြေကြားချက် 2 ခု
အပင်လေ့ဝါနေလို့အကို ဘာလုပ်ရမယ်လဲ့ဗျ
ဖြေကြားချက် 0 ခု