စပါးခင်းမှာ မြေခံအနေနဲ့ပိုတက်သုံးချင်တာ ဘယ်လိုသုံးရင်အဆင်ပြေမလည်းဖြေပေးကြပါဦးနော် ကောက်စိုက်ခင်းမဟုတ်ပါဘူးနော် စိုက်ပျိုးရေးထွန်နဲ့စိုက်မာပါရှင့်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
စပါးခင်းမှာ မြေခံအဖြစ် ပိုတက်ရှ် (MOP) သုံးစွဲမယ်ဆိုရင် နောက်ဆုံးထွန်ရေးပြင်ချိန်မှာ တစ်ဧကကို ပိုတက်ရှ် (၁၄ ပေါင် ကနေ ၂၈ ပေါင်) ခန့် ထည့်ပေးရပါမယ်။ (တီစူပါ၊ ယူရီးယားတို့နဲ့ မျှတစွာ ရောသုံးရပါမယ် ဥပမာ-DAP )ပိုပြီးထိရောက်ချင်ရင်တော့ မြေခံအပြင် နောက်ထပ် (၂) ကြိမ် ခွဲကျွေးပေးပါ။ဒုတိယအကြိမ် က စပါးပင်ပွားချိန် (မျိုးစေ့ချစိုက်ပြီး ၂၀-၂၅ ရက်အကြာ)နှင့်တတိယအကြိမ်က စပါးမှို့ကပ်ချိန် တို့မှာထည့်သွင်းပေးနိုင်ပါတယ်။ ပိုတက်ရှ်ကျွေးခြင်းကြောင့် အပင်သန်မာပြီး အပင်လဲခြင်း ကာကွယ်ခြင်း၊ စပါးနှံအောင်ပြီး အဖျင်းနည်းခြင်း၊ ပိုးမွှား၊ ရောဂါ၊ရာသီဥတုဒဏ် ခံနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ အစိမ်းရောင်လမ်းရေ... စိုက်ပျိုးရေး ဆောင်းပါးတွေ တန်ဖိုးမြင့်ထုတ်ကုန်တွေ အကြောင်း စာမူလက်ခံသေးလားဗျ.....
ဖြေကြားချက် 1 ခု
လာမယ့် မိုးစပါးအတွက် မှော်ဘီ 3 မျိုးကို စိုက်မလို့ပါ။ကျွန်တော်မေးချင်တာက မှော်ဘီ3 ရဲ့အားနည်းချက် အားသာချက်ကလေး...
ဖြေကြားချက် 1 ခု
နွေကြဲ အခြောက်ကြဲ ကြဲထားပါတယ် အခုမိုးရွှာတော့ စပါးရော မြတ်ရော အတူတူထွက်လာပါတယ် စပါးကောင်းပြီး မြတ်သေ/ပေါင်းသေ...
ဖြေကြားချက် 2 ခု
စပါးနှံထွက်ချိန်မှာ ဘယ်လို မြေသြဇာ အဟာရတွေကျွေးရမလဲ
ဖြေကြားချက် 1 ခု
ဆရာကြီးများ ပေါင်းအုတ်ဆေးခေါ်သဓေသားဖျက်ဆေးတွေကတကယ်ကောထိရောက်မှုရှိလား မြတ်ပင်ပေါက်လာမှမြတ်အမျိုးစားကြည့်ပက်တာ...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။