အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Kyaw Phyo
Aung Kyaw Phyo 1,103
လွန်ခဲ့သော ၄ လ က · ကွမ်းခြံကုန်း

ကွမ်းကိုအမိုးနဲ့စိုက်တာကခုချိန်မှာမိုးများတဲ့အတွက်ဘောင်တွေပျိုကျပါတယ် အမိုးဖွင့်သင့်ပါသလားဘယ်လိုပြုလုက်သင့်ပါသလဲစိုက်တာက ၃ရက်သားပဲရှိပါသေးတယ်

အပင်အာဟာရ ကွမ်း
Post image

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၄ လ က

ကွမ်းခြံက၊ပုံစံမကျသေးတာလဲပါမယ်။ဘေးဖက်တွေပါ ကာပေးပါ။ မိုးမပက်အောင်၊လေမတိုက်အောင်၊နေရောင်တိုက်ရိုက်မကျအောင် လုပ်ထားပေးပါ။

သော်ဇင်
သော်ဇင် 352,834 လွန်ခဲ့သော ၄ လ က

အသက် ၃ ရက်သားပဲ ရှိသေးတော့ အမိုးလုံးဝမဖွင့်ရသေးပါဘူးဗျာ။ မိုးဒဏ်ကြောင့် ကွမ်းပင်လေးတွေ ကျိုးကုန်ပါလိမ့်မယ်။ ဘောင်ပြိုကျတာအတွက် ဘောင်ဘေးတွေကို ဝါးခြမ်း ဒါမှမဟုတ် ပျဉ်ပြားလေးတွေနဲ့ အမြန်ခုခံပေးပါ။ ပေါ်လာတဲ့ ကွမ်းပင်ခြေတွေကို မြေဆွေးပွပွလေးနဲ့ ညင်သာစွာ ပြန်ဖို့ပေးပါ။ အဓိကက ရေမဝပ်ဖို့ မြောင်းနက်နက်တူးပြီး ရေနုတ်ပေးပါဗျ။ မိုးစဲချိန်မှာ ပင်ခြေပုပ်မှိုရောဂါကာကွယ်ဖို့ မန်ကိုဇက် (Mancozeb) မှိုသတ်ဆေး ဖျန်းပေးပါဦး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကွမ်းစိုက်ထားတာ ၃ ရက်ရှိပါပြီ မန်ကိုဇက်ကိုဘယ်နှရက်နေရက်စတင်ဖျန်းပတ်လို့ရပါသလဲ ဘယ်နှရက်ကြားတစ်ခါဖျန်းပတ်ပေးသင့်...

ဖြေကြားချက် 2 ခု

ကွမ်းစစိုက်ရင်ဘာတွေလိုအပ်လည်းဗျာ မြေခံ သံကွန်းနဲ့ ရွေမြေသီးနဲဘောင်တွင်းထဲထည့်ထားတယ်ဗျ

ဖြေကြားချက် 3 ခု

ကွမ်းစိုက်ထားပါတယ် ယခုအချိန်ကွမ်းစိုက်ထားလျှင်အနာရောဂါမကျရောက်အောင်ဘယ်လိုကြိုတင်ကာကွယ်သင့်ပါသလဲ

ဖြေကြားချက် 4 ခု

ကျွန်တော့ကွမ်းမှာအပင်မည်းတာတွေ့လို့ ထရိုင်ကိုဒါးမား ဖြန်းလို့ရလား ခဗျား

ဖြေကြားချက် 1 ခု

ကွမ်းစိုက်ထားတာ၉ရက်ရှိပါပြီနေအရမ်းပူပြီးကွမ်းပင်လေးတွေနွမ်းနေလို့ပါ အမြစ်ကလဲမထွက်သေးပါဘူး အမြစ်ထွက်အားကောင်းလာ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။