အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
phyolay
phyolay 67
လွန်ခဲ့သော ၄ လ က · ပခုက္ကူ

ငုရုတ်ပင် အရွက်တွေဝါပြီး အရွက်လဲလိပါနေလို​့ ဘာလုပ်ရမလဲ ပြောပြပေးပါ

အပင်အာဟာရ ငရုတ်သီး
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 354,386 လွန်ခဲ့သော ၄ လ က

ဒီလက္ခဏာက ငရုတ်မှာ အဖြစ်များတဲ့ ရွက်ကုပ် (ရွက်လိပ်) ပြဿနာပါ။ အဓိက ယင်ဖြူနဲ့ လှေးပိုးတွေက အရွက်အောက်ကနေ သစ်ရည်စုပ်စားပြီး ဗိုင်းရပ်စ်ရောဂါ သယ်ဆောင်ရာကနေ ဖြစ်တာပါ။ကာကွယ်ကုသနည်း -ဆေးမဖျန်းခင် ရောဂါရွက်လိပ်နေတဲ့ အပင်တွေကို အရင်နုတ်ဖယ်ပစ်ပါ။ (ဆေးဖျန်းရုံနဲ့ အရွက်ဟောင်းတွေ ပြန်မဖြန့်နိုင်တော့လို့ပါ)ပြီးရင် ယင်ဖြူသတ်ဆေးဖြစ်တဲ့ Imidacloprid သို့မဟုတ် Fipronil ကို တစ်ပတ်တစ်ကြိမ် စနစ်တကျ ဖျန်းပေးပါ။အပင်ကိုယ်ခံအားကောင်းအောင် မြေဆီလွှာအစိုဓာတ် ဂရုစိုက်ပြီး ကယ်လ်စီယမ်နဲ့ ဇင့်ပါတဲ့ အနည်းလိုရွက်ဖျန်းအားဆေးတွေ တွဲဖျန်းပေးရင် အရွက်သစ်တွေ အောင်အောင်မြင်မြင် ပြန်ထွက်လာပါလိမ့်မယ်ခင်ဗျာ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,620 လွန်ခဲ့သော ၄ လ က

ယင်ဖြူကြောင့် ရွက်ဝါဗိုင်းရပ် ဖြစ်နိုင်သလို၊ဇင့်၊မဂ္ဂနီစီယံ ချို့တဲ့တာလဲဖြစ်နိုင်ပါတယ်။စုပ်စားပိုးကာကွယ်ဆေးဖျန်းပါ။အနည်းလိာအာဟာရအားဆေးဖျန်းပါ။ ဂျစ်ဆန်+မြေဩဇာကျွေးပြီးခါးဆွပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကျွန်တော် ငရုတ်ပင်တွေမှာ အဲလိုအဖြူအပြောက်အစက်တွေတွေ့နေလို့ ဘာကြောင့်ဖြစ်တာလဲ ပြီးတော့ ဘာဆေးသုံးသင့်လဲဆရာတို့...

ဖြေကြားချက် 1 ခု

ကုလားအော်ပင်နဲ့ခရမ်းချဥ်ပင်တေရွက်စိပ်ထိုးပြီးနူနေပါတယ်ဘယ်လိုကာကွယ်ရမလဲဆရာ

ဖြေကြားချက် 2 ခု

ငရုတ်ပင်အညွှန့်တွေညိုးသွားတာဆေးများလို့ဘယ်လိုပြန်ကုရမလဲ

ဖြေကြားချက် 2 ခု

မင်္ဂလာပါခင်ဗျာ ကျနော့်ငရုပ်စိုက်ခင်းထဲမှာ အချို့အပင်တွေက ပုံပါအတိုင်း ဖြစ်နေပါတယ်။ အဲဒီအပင်တွေ ဘာကြေင့်ဖြစ်တာ...

ဖြေကြားချက် 1 ခု

ကျောက်စီမ်းငရုတ်စိုက်နည်းအစုံသိချင်ပါတယ်ဗျ ဘယ်နှစ်ရက်သားဆိုဘယ်လိုဆေးတွေသုံးရမယ် ဘယ်လိုပြုစုရမယ်ဆိုတာအကုန်‌ပြော...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။