အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Aung Win
U Aung Win 241
လွန်ခဲ့သော ၄ လ က · ရမည်းသင်း

ကျွန်တော်တို့ဘက်မှာ ဝါစိုက်ထားပါတယ်ဗျ။ အခုဝါပင်တွေကတစ်လခွဲကျော်ကျော်ရှိနေပါပြီ။ ဒါပေမဲ့ဝါပင်အတော်များများ ငုတ်တုတ်တွေသေနေတာကျွန်တော်တွေ့လို့ ဆွဲနှုတ်ပြီးကြည့်ကြည့်လိုက်တော့ ဝါပင်မှာရေသောက်မြစ်မထွက်ပဲ ဘုလုံးကြီး(အမြစ်ထွက်ရဲ့မဲ့ပင်စည်‌နေရာ ထုံးပြီး အမြစ်ထွရ်မလာတော့ခြင်း)ဖြစ်ပြီးသေနေတာပါ။ အဲ့တာဘာလုပ်ရမလည်းဗျ။ အခင်းကအတော် ဆုံးရှုံးမှုဖြစ်နေပြီမို့ကူညီကြပါအုံးဗျ။ ကျွန်တော်တင်မဟုတ်ဘဲ ဘေးအခင်းတွေရောဖြစ်နေကြပါတယ်။ တက်သိနားလည်တဲ့ပညာရှင်းများ ပြောပြပေးကြပါအုံးဗျာ ။ အရွက်တွေမှာလည်း ဖြုတ်စိမ်း ဖြုတ်ဖြူတွေကြပြီး ပိုးမကင်းတဲ့အတွက် ကျွန်တော် Golden Key company မှ ဘွန်ဇိုင်းနဲ့ရွှေဆန်းတက်ဆေးမှုန့်ထုတ်နှစ်ခုကိုတွဲပြီး ယနေ့ဖြန်းထားပါတယ်။ မြေဩဇာအနေနဲ့လည်း မနေ့က urea Fertilizer ကျွေးထားပါသေးတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ပိုးမွှားရောဂါ ဝါ
Post image
Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,682 လွန်ခဲ့သော ၄ လ က

အဓိက အချက်ကို ကောက်ချက်ဆွဲပြီးဖြေရရင်၊ စပါးပြီးစပါး စိုက်တဲ့ လယ်မြေဖြစ်ခြင်း(ဝါ ဆိုတာ ကုန်းမြေ/ရေမဝပ်တဲ့မြေကြိုက်)။ အောက်ခံထွန်ရေးနက်နက်ညက်ညက်မဟုတ်ပဲ၊ထွန်ရေးတိမ်ခြင်း(ရေသောက်မြစ်မထိုးဖောက်နိုင်ခြင်း)။‌ေနပူရှိန်မြင့်ပြီး ရုတ်တရက်မိုးရွာပြီးအစိုနဲ့ အပူ ဝိရောဓိဖြစ်ပြီး အမြစ်ပုပ်ခြင်း ကြောင့်ဖြစ်တယ်လို့ယူဆပါတယ်။ ဖြုတ်ကျတာက တပိုင်းသပ်သပ်ပါ။ ဖြုတ်ဆေးဖျန်းရုံနဲ့ ရောဂါမပျောက်နိုင်ပါ။ Gypsum+k Humic ရောပြီး အပင်ခြေပက်ပါ။ fosetyl aluminium အပင်ခြေဖျန်းပါ။(Gibrellic -Ga3 သုံးရင် ပိုဆိုးပါလိမ့်မယ်)

U Aung Win
U Aung Win 241 လွန်ခဲ့သော ၄ လ က

ဟုတ်ကဲ့ကျွန်တော်ပြန်ပြီးစစ်ဆေးကြည့်လိုက်ပါ့မယ်ဗျ။ အခုကျွန်တော်ဝါစိုက်ထားတဲ့ လယ်ကွက်က အရင်က စပါးစိုက်ခဲ့တဲ့လယ်မြေပါဗျ။ အဲ့တာနဲ့များဆိုရ်နေမလားလို့ပါဆရာ

သော်ဇင်
သော်ဇင် 354,393 လွန်ခဲ့သော ၄ လ က

မြစ်ဖုနီမတုတ်ဟုတ်မဟုတ်ကို စစ်ဆေးကြည့်စေချင်ပါတယ်။ မြစ်ဖုနီမတုတ်က အမြစ်တွေမှာ အဖုလုံးလေးတွေဖြစ်တာပါ၊ပုံမှာကျွန်တော်တို့က သေချာမမြင်ရလို့ပါ။ ကျန်းမာသန်စွမ်းသည့်ဝါပင်ကိုနှုတ်ကြည့်သည့်အခါ ပင်စည်အခြေကဖုလုံးဖြစ်ခြင်းရှိမရှိယှဉ်ကြည့်ပါ။အမြစ်တွေမှာအဖုရှိမရှိစစ်ဆေးကြည့်ပါ။ ဆေးတွေကတော့ ပါဝင်ပစ္စည်းကဘာတွေလဲမသိတော့ ဖြုတ်ပိုးနိုင်မနိုင်မပြောပြနိုင်ဘူးဖြစ်နေပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။