အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
186
လွန်ခဲ့သော ၄ လ က · ကျောက်ဆည်

အရွက်တွေတွန့်လိပ်ပြီး မကြာခင် သံချေးရောင်အကွက်တွေဖြစ်လာတယ်။ အသီး အပွင့်နည်းလာတယ်။အပင်လဲ အတက်အားနှေးသွားပါတယ်။...

အရွက်တွေတွန့်လိပ်ပြီး မကြာခင် သံချေးရောင်အကွက်တွေဖြစ်လာတယ်။ အသီး အပွင့်နည်းလာတယ်။အပင်လဲ အတက်အားနှေးသွားပါတယ်။ ယခု နှစ်လခွဲသားရှိပါပြီ။ ပိုးမွှားကြောင့်လား? ရာသီဥတုကြောင့်လား? နားမလည်လို့ ပညာရှင်များ ဖြေကြားပေးစေချင်ပါတယ်ဗျ။ ပြုပြင်လို့ ရနိူင်သေးရဲ့လားဗျ။

Post image

ဖြေကြားချက် ၁ ခု

349,556 လွန်ခဲ့သော ၄ လ က

ခရမ်းကြွပ်သီးပင်က ပုံပါအရဖြုတ်စိမ်း (Leafhopper) ကျရောက်ခံခဲ့ရခြင်း ဖြစ်နိုင်ပါတယ်။ အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် Nitenpyrem ဓာတ်ပါဝင်သော ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုပါ။ဖြုတ်စိမ်းများ လှုပ်ရှားမှုနှေးကွေးသော မနက်စောစော သို့မဟုတ် ညနေစောင်းအချိန် တွင် ဆေးဖျန်းပါ။အပင်အားဖြည့်ရန်အပင်တန့်နေမှုကို ပြန်လည်ရုန်းထွက်နိုင်ရန် အမိုင်နိုအက်ဆစ် (Amino Acid) သို့မဟုတ် ရွက်ဖျန်းအားဆေး တွဲဖက်ပက်ဖျန်းပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။