ဖြေကြားချက် ၂ ခု
နွားကျင်ငယ်ရည်သည် အပင်သန်စွမ်းစေရန် ကောင်းမွန်သော်လည်း ဆီစွန်းရောဂါကဲ့သို့ ဘက်တီးရီးယားရောဂါ ပြင်းထန်နေချိန်တွင် အသုံးပြုခြင်းကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။နွားကျင်ငယ်ရည်သည် အပင်သန်စွမ်းစေရန် ကောင်းမွန်သော်လည်း ဆီစွန်းရောဂါကဲ့သို့ ဘက်တီးရီးယားရောဂါ ပြင်းထန်နေချိန်တွင် အသုံးပြုခြင်းကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။နွားကျင်ငယ်ရည်တွင် နိုက်ထရိုဂျင် မြင့်မားစွာ ပါဝင်သည့်အတွက်ရောဂါကျနေချိန်တွင် နိုက်ထရိုဂျင်ဓာတ် လွန်ကဲပါက ကွမ်းရွက်များ နုဖတ်လာပြီး ဘက်တီးရီးယား ပွားများမှုကို ပိုမိုအားပေးသကဲ့သို့ ဖြစ်စေကာရောဂါပြန့်ပွားမှု ပိုမြန်သွားနိုင်ပါသည်။ဆီစွန်းရောဂါသည် စိုထိုင်းဆများလျှင် ပိုဆိုးတတ်သဖြင့် အရွက်ပေါ်သို့ တိုက်ရိုက်ဖျန်းခြင်းထက် ပင်ခြေကိုသာ လောင်းပေးခြင်းက ပို၍ စိတ်ချရပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မနှစ် ဝါဆိုထဲက စိုက်တာ အခုတပေါင်းလထဲမှာ ခေါင်ညွန့်ကို အဲလိုပိုးတွေကျပြီး အရွက်တွေလိပ်တွန့်နေတယ် နောက်ပြီး စ...
ဖြေကြားချက် 2 ခု
ကွမ်းစိုက်ပျိူးရေး အတွက် ဒီလိုရေပေးစနစ်ပစ်စည်းေတွဘယ်မှာအလွယ်တကူဝယ်လို့ရလဲခင်ဗျ
ဖြေကြားချက် 3 ခု
သဘာဝပိုးသတ်ဆေးတွေ ရွက်ဖျန်းအားဆေးတွေကိုဓာတု စွဲကပ်ဆေးတွေနဲ့ တွဲဖျန်းလို့အဆင်ပြေလားဗျ။
ဖြေကြားချက် 3 ခု
ကွမ်းစိုက်မလို့ မြေဘယ်လိုပြင်ရမလဲဗျာ
ဖြေကြားချက် 1 ခု
ကွမ်းအရွက်တွေကုပ်နေလို့ပါ ဘာကြောင့်လဲခင်ဗျ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ