စိုင်ခင်းထဲမှာ အခြားခရမ်းချဥ်ပင်တွေက ပုံမှန်အတိုင်းဖြစ်ထွန်းကောင်းမွန်ပြီ အချိို့ဒီလို ခရမ်းချဥ်ပင်တွေက အရွက်တွေလိပ်နေတာဘာကြောင့်ပါလဲ မသိလို့ ရှင်းပြပေးပါ ဆရာတို့ရယ်
စိုက်ခင်းထဲရှိ ခရမ်းချဉ်ပင်များ အရွက်လိပ်ရခြင်းမှာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုဖြစ်တဲ့အလွန်ပူပြင်းသော ရာသီဥတုနှင့် ရေလိုအပ်ချက်နည်းပါးခြင်းတို့ကြောင့် အပင်မှ ရေဓာတ်ကို ထိန်းညှိရန် အရွက်များကို လိပ်ခြင်းဖြစ်နိုင်သည်။ မြေဆီလွှာမှတစ်ဆင့် ကူးစက်သော မြေ ဆောင်မှိုရောဂါများကြောင့်လည်း အရွက်များ ညှိုးနွမ်းပြီး လိပ်တတ်သည်။ အနီးအနားရှိ ပေါင်းသတ်ဆေးများ လွင့်စင်လာခြင်းကြောင့်လည်း အရွက်များ ပုံပျက်ပြီး လိပ်သွားတတ်သည်။ နိုက်ထရိုဂျင်ဓာတ် အလွန်အကျွံများခြင်း သို့မဟုတ် ဖော့စဖရပ်ဓာတ် နည်းပါးခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ဘာကြောင့်ဖြစ်နိုင်မလဲစဉ်းစားကြည့်ပါဦးဗျ။တောင်သူအနေနဲ့ကတော့ ပိုး၊ရောဂါကင်းအောင်အမြဲစောင့်ကြည့်ပြီး ရေနှင့် အဟာရလုံလောက်မျှတစွာကျွေးပေးသင့်ပါတယ်၊ အနည်းလိုအဟာရအားဆေးများမဖျန်းရသေးပါကလည်းဖျန်းသင့်ပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
ဆရာတို့ရေ နေပူဒဏ် ရာသီဥတုဒဏ် ခံနိုင်တဲ့ ခရမ်းချဥ်မျိုးစေ့လေးညွှန်ပေးပါအူးဗျို့
ဖြေကြားချက် 2 ခု
ဘယ်လိုဖြစ်တာလဲ ဘာလုပ်ရမလဲပြောကြပါအုံးဗျ
ဖြေကြားချက် 4 ခု
ခရမ်းချဥ်စစိုက်ချင်လို့ စိုက်သင့်တဲ့မျိုးလေး သိချင်လို့
ဖြေကြားချက် 2 ခု
အရွက်လိပ်ပြီးအပင်အညွှန့်ဦးညိုးပြီးသေနေတာဘာဖြစ်တာပါလဲပြောပြပေးပါ
ဖြေကြားချက် 3 ခု
ဝေခွဲရခက်နေလို့ပါခင်ဗျ ဒီနှစ်ရာသီအတွက် မျိုးရွေးလဲမှားမှာကြောက်လို့ပါခင်ဗျ မနှစ်က ပံ 111 ခရမ်းချဥ်စိုက်တာ ရလဒ်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။