ဖြေကြားချက် ၂ ခု
သီဟိုဠ်စိုက်ပျိုးမယ်ဆိုရင် အောက်ပါအခြေခံအချက်လေးတွေကို အရင်ပြင်ဆင်နိုင်ပါတယ် - ကျင်းပြင်နည်း: ၂ ပေ ပတ်လည် ကျင်းတူးပြီး နွားချေး၊ မြေဆွေးတို့ကို အပေါ်ယံမြေနဲ့ ရောစပ်ပြီး အစာခံ ထည့်ပေးထားပါ။ စိုက်ပင်အကွာဝေး: အပင်တွေ သိပ်မကျပ်အောင် ၂၀ ပေ x ၂၀ ပေ ဒါမှမဟုတ် ၂၅ ပေ ပတ်လည် ခွာစိုက်တာက အကောင်းဆုံးပါပဲ။ စိုက်ချိန်: အပင်ရှင်သန်နှုန်း ကောင်းဖို့အတွက် မိုးဦးကျ (ဇွန်၊ ဇူလိုင်) မှာ စိုက်တာ အသင့်တော်ဆုံးပါပဲ။ ကိုင်းဖြတ်ပြုပြင်ခြင်း: အပင်ငယ်စဉ်မှာ ပုံသဏ္ဌာန်လှအောင်နဲ့ အကိုင်းအသစ်တွေ ထွက်လာအောင် ကိုင်းဖြတ်ပြုပြင်ပေးဖို့လည်း လိုအပ်ပါတယ်ခင်ဗျာ။
သီဟိုဠ်သရက် စိုက်ပျိုးနည်းအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အစေ့ရွေးချယ်ခြင်းနှင့် ပျိုးထောင်ခြင်း မျိုးစေ့ရွေးချယ်ခြင်း: ရောဂါကင်းရှင်းပြီး သန်စွမ်းသော၊ အရွယ်အစားတူညီသော အစေ့များကို ရွေးချယ်ပါ။ စမ်းသပ်ခြင်း: အစေ့များကို ရေထဲသို့ထည့်၍ ရေပေါ်တွင်ပေါ်နေသော အစေ့များကို ဖယ်ရှားပြီး ရေမြုပ်နေသော အစေ့သန်သန်များကိုသာ ယူပါ။ စိုက်ပျိုးခြင်း: အစေ့ကို ပျိုးအိတ် (သို့) ပျိုးဘောင်တွင် မြေအောက်သို့ တစ်လက်မခွဲခန့် အနည်းငယ်စောင်း၍ (အဖျားပိုင်းကို အောက်စိုက်) စိုက်ပါ။ ပျိုးသက်တမ်း: ပျိုးပင်သည် အမြင့် တစ်ပေ (သို့) အနည်းဆုံး အရွက် ၄-၅ ရွက်ထွက်လာပါက စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်နိုင်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သီဟိုဠ် ကိုဘယ်လိုစိုက်ပျိုးရမလဲ စိုက်နည်းသိချင်လို့
ဖြေကြားချက် 1 ခု
စိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု
သီိဟို၌ခင်းမှာ နာနတ်သီးစိုက်လို့ရပါလားခဗျာ
ဖြေကြားချက် 7 ခု
သီဟိုဠ်ပင်ြကားညှပ်ဘာအပင်စိုက်သင့်လဲ
ဖြေကြားချက် 3 ခု
သီဟိုဠ်ပင်ကိုရှမ်းပြည်တောင်ပိုင်မှာစိုက်ပျိုးလို့ဖြစ်ထွန်းအောင်မြင်နိုင်ပါသလားဆိုတာကိုပညာရှင်များဖြေကြားပေးစေ...
ဖြေကြားချက် 2 ခု