အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Kyaw Zawl
လွန်ခဲ့သော ၆ လ က · ကျောက်ဆည်

ယင်ဖြူ နဲ့ ဖြုတ်စိမ်းကြောင့် တခင်းလုံးနီးပါး ပျက်စီးနေပါပြီ။ ပညာရှင်များ အကြံပေးကြပါဦးဗျ။

ပိုးမွှားရောဂါ ရုံးပတီ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါလက္ခဏာအရ ယင်ဖြူနှင့် ဖြုတ်စိမ်းအပြင် အရွက်ပေါ်တွင် အဖြူရောင်အမှုန်များဖုံးနေသည့် "ဖားဥမှိုရောဂါ" ပါ ကျရောက်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကုသရန် အကြံပြုလိုပါတယ်- ဆေးပက်ဖျန်းရန်: Dinotefuran (ပိုးသတ်ဆေး) နှင့် Hexaconazole (မှိုသတ်ဆေး) ကို ရောစပ်ပြီး ၅ ရက် သို့မဟုတ် ၇ ရက်ခြား တစ်ကြိမ်၊ ၂ ကြိမ်ခန့် ဆက်တိုက် ပက်ဖျန်းပေးပါ။ ဆေးစပ်ရာတွင် သတိပြုရန်: ဆေးနှစ်မျိုးလုံးကို ရေထဲတွင် သေချာပျော်ဝင်အောင် ဖျော်စပ်ပါ။ ရုံးပတီရွက်တွင် အမွေးအမှင်များရှိသောကြောင့် ဆေးကပ်စေရန် Sticker (ဆေးကပ်ဆေး) ကို မဖြစ်မနေ ထည့်သွင်းအသုံးပြုပါ။ စိုက်ပျိုးရေးနည်းလမ်း: ရောဂါပြင်းထန်နေသော အရွက်များကို ဆွတ်ခူးပြီး စိုက်ခင်းအပြင်ဘက်တွင် မီးရှို့ဖျက်ဆီးပါ။ အပင်ကြား လေဝင်လေထွက်ကောင်းအောင် ဘေးတက်ဖဲ့ခြင်း (Pruning) ကိုလည်း ပြုလုပ်ပေးသင့်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။