အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကို အောင်မျိူးသန့်
လွန်ခဲ့သော ၆ လ က · စစ်ကိုင်း

အစိမ်းရောင်လမ်း မှ စိုက်ပျိုးရေး ပညာရှင်များခင်ဗျ ဂျုံစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ ဒုတိယအကြိမ်မေးခွန်းပါခင်ဗျ ကျွန်တော်တို့နယ်ဘက်မှာဂျုံစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ သီတင်းကျွတ်လပြည့်ကျော်၁ရက်မှစ၍ရေဝင်တဲ့နေရာတွေမှာဆိုရင်ဂျုံစိုက်ရက်ဟာပြာသိုလဆန်းဘက်အထိရောက်သွားတက်ပါတယ် စောစိုက်ရတဲ့အကွက်တွေကပြသနာမရှိပေမဲ့ နတော်လပြည့်ကျော်နောက်ပိုင်းစိုက်ရတဲ့အကွက်တွေမှာဂျုံပွင့်လေရိုက်တဲ့ဒဏ်ကိုမလွဲမသွေခံရပါတယ် ဂျုံပွင့်လေရိုက်ခံရရင်အထွက်နုန်းကထက်ဝက်နီးပါးပြုတ်ကျသွားတော့ စီးပွားရေးအရတွက်ချေမကိုကတော့ပါဘူး ကျွန်တော်မေးချင်တဲ့အကြောင်းအရာကမြေဩဇာကျွေးရေသွင်းခြင်ပြည့်စုံပါလျှက်လေရိုက်တဲ့ဒဏ်ကြောင့်အထွက်နုန်းနည်းခြင်းကို ဘယ်လိုကုစား၍ရနိုင်မလဲ ဥပမာ ရာသီဥတုကိုရှောင်လွဲ၍မရနိုင်ပေမဲ့ ပန်းပွင့်ချိန်မှာပိုအဆင်ပြေအောင်ကယ်ဆီယံဘိုရွန်ဖျန်းတာမျိုး အကယ်၍ပတ်ဖျန်းရင်တောင်ဂျုံပွင့်ဟာဖော်ပွင့်တဲ့အပွင့်မျိုးမို့ဆေးပတ်ဖျန်းရင်အပွင့်တွေကြွေနိုင်မလား လေဒဏ်ကိုခံနိုင်တဲ့မျိုးတွေရှိမရှိ အမွေးပါတဲ့ဂျုံတွေက ပိုပြီးလေဒဏ်ခံနိုင်မလား ရေဆင်း၁၂ဂျုံမျိုးအားဝယ်ယူရှိနိုင်သောနေရာ စသည်အကြောင်းအရာများအားသိလိုပါတယ်ခင်ဗျ

စိုက်ပျိုးနည်း ဂျုံ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

လေပြင်းဒဏ်ကြောင့် ဂျုံခင်းတွေ ထိခိုက်နေတာကို သိရှိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်ဗျ။ လေပြင်းတိုက်တဲ့အခါ အပင်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Physical Damage) အပြင် အစာချက်လုပ်မှုပါ ရပ်ဆိုင်းသွားတတ်လို့ အောက်ပါအတိုင်း ဆောင်ရွက်ပေးဖို့ အကြံပြုချင်ပါတယ် - ၁။ အပင်ကြံ့ခိုင်မှုအတွက် ဆီလီကွန် (Silicon) ကျွေးခြင်း လေပြင်းဒဏ်ကို ခံနိုင်ရည်ရှိဖို့ အပင်ရဲ့ ပင်စည်နဲ့ ဆဲလ်နံရံတွေ မာကျောနေဖို့ လိုပါတယ်(Silicon/Silica): စီလီကွန်ပါတဲ့ အရွက်ဖျန်းမြေသြဇာကို သုံးပေးပါ။ သူက ဂျုံပင်စည်ကို ပိုမိုခိုင်ခံ့စေပြီး လေတိုက်ရင် လွယ်လွယ်နဲ့ ကျိုးမသွားအောင် ဒါမှမဟုတ် လဲမကျအောင် (Lodging Resistance) ကူညီပေးပါတယ်။ ၂။ ပန်းပွင့်ဝတ်မှုန်ကူးမှုအတွက် အရေးပေါ်ကူညီခြင်း လေပြင်းတိုက်ရင် ဂျုံပန်းပွင့်တွေရဲ့ ဝတ်မှုန်တွေ လွင့်စင်ကုန်တာ ဒါမှမဟုတ် ပန်းပွင့်တွေ ပျက်စီးတာ ဖြစ်နိုင်ပါတယ်။ ဘိုရွန် (Boron): လေငြိမ်သွားတဲ့အချိန်မှာ ဘိုရွန်ကို ဖျန်းပေးခြင်းဖြင့် ကျန်ရှိနေတဲ့ ပန်းပွင့်တွေ ဝတ်မှုန်ကူးမှု အောင်မြင်စေဖို့နဲ့ အောင်စေ့ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အမိုင်နိုအက်စစ် (Amino Acids): လေပြင်းတိုက်ပြီးနောက် အပင်က ပင်ပန်းနွမ်းနယ် (Stress) နေတတ်ပါတယ်။ အမိုင်နိုအက်စစ် ဖျန်းပေးတာက အပင်ကို လန်းဆန်းလာစေပြီး အစာချက်လုပ်မှုကို အမြန်ဆုံး ပြန်စနိုင်စေပါတယ်။ ၃။ ရေသွင်းခြင်းကို သတိပြုရန် လေပြင်းတိုက်နေချိန် ဒါမှမဟုတ် တိုက်တော့မယ့် အခြေအနေမှာ ရေအများကြီး မသွင်းပါနဲ့။ မြေကြီး နူးညံ့နေရင် လေတိုက်တဲ့အခါ အပင်တွေ အမြစ်ကပါ ကျွတ်ပြီး လဲကျဖို့ ပိုလွယ်ပါတယ်။ လေငြိမ်သွားမှသာ လိုအပ်တဲ့ စိုထိုင်းဆရှိအောင် ရေသွင်းပေးပါ။ ၄။ မျိုးရွေးချယ်မှု (လေဒဏ်ခံနိုင်ရည်) ပင်စည်တိုသောမျိုး: လေပြင်းတိုက်တဲ့ ဒေသတွေမှာ ပင်စည် အရမ်းရှည်တဲ့ အမျိုးအစားထက် ပင်စည်တိုပြီး အားကောင်းတဲ့ (Semi-dwarf variety) မျိုးတွေကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ အမွှေးပါသောဂျုံ (Awned Wheat): ဂျုံနှံမှာ အမွှေးပါတာက လေတိုက်နှုန်းကို အနည်းငယ် ခုခံပေးနိုင်ပြီး နှံထဲက အစေ့တွေ လေကြောင့် ကြွေကျမှုကို သက်သာစေနိုင်ပါတယ်ဗျ။ ဒီနည်းလမ်းတွေက လေပြင်းဒဏ်ကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်ဗျာ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

အကောင်းဆုံးအကြံပေးရရင်၊ စိုက်စနစ်ကို၊‌ေပြာင်းဖူး၊နေကြာ တမျိုးမျိုးနဲ့ သီးညှပ်စိုက်ပါ။ ရာသီဥတုဒဏ်ခံနိုင်အောင်၊ ဖုံးလုံးချိန်မှာ၊၀:၅၂:၃၄/K-humic/ amino acids/Ca+Bတမျိုးမျိုး ဖျန်းသင့်ပါတယ်။

ဦးအောင်ကျော်သူ
ဦးအောင်ကျော်သူ 610 လွန်ခဲ့သော ၆ လ က

လေကာပင်များကိုမေ့မထားသင့်ပါဘူး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အစိမ်းရောင်လမ်း မှစိုက်ပညာရှင်များခင်ဗျ ဂျုံစိုက်ပျိုးခြင်းနှင့်ပတ်သတ်သောအကြောင်းအရာများလိုင်းပေါ်မှာတွင်ကျယ်...

ဖြေကြားချက် 1 ခု

ပန်းမုံလာ ခရမ်းချဉ်သိမ်းပြီးဂျုံကျဲမလို့ပါဆရာ မြေဩဇာထည့်ကျဲမလို့ဘယ်လိုအချိုးမြေဩဇာဆိုရင်အဆင်ပြေမလည်းခင်ဗျစိုက်...

ဖြေကြားချက် 5 ခု

Green Growth ဆိုတာဘာလဲဗျ ဘယ်လိုစိုက်နည်းမျိုးကိုပြောတာလဲ

ဖြေကြားချက် 1 ခု

အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ အမှန်တကယ်တော့ သဘာဝမြေဩဇာတွေနဲ့ဓာတုမြေဩဇာတွေပေါင်းစပ်အသုံးပြုမှ...

ဖြေကြားချက် 1 ခု

အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကျွန်တော်တို့ကျေးရွာက ဆောင်းသီးနှံအဖြစ်ဂျုံ ကုလားပဲကိုဘဲအဓိက...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။