၅လပိုင်း၆လပိုင်းမှာခရမ်းချင်စိုက်ရင်အဆင်ပြေနိုင်လားဆရာတို့မြင်းခြံနယ်ကပူးလ်ု့ပါအခုခရမ်းချင်ကတော့ပဆင်ပြေပါတယ်ဆ...
၅လပိုင်း၆လပိုင်းမှာခရမ်းချင်စိုက်ရင်အဆင်ပြေနိုင်လားဆရာတို့မြင်းခြံနယ်ကပူးလ်ု့ပါအခုခရမ်းချင်ကတော့ပဆင်ပြေပါတယ်ဆရာတို့ကျေးဇူးပါ
၅လပိုင်း၆လပိုင်းမှာခရမ်းချင်စိုက်ရင်အဆင်ပြေနိုင်လားဆရာတို့မြင်းခြံနယ်ကပူးလ်ု့ပါအခုခရမ်းချင်ကတော့ပဆင်ပြေပါတယ်ဆရာတို့ကျေးဇူးပါ
ဤအဖြေဖြင့်ပြေလည်သည်လို့သတ်မှတ်ပေးပါဦးဗျ
ကျေးဇူးပါဆရာ
ကိုလတ်မေးထားတဲ့ မျိုးရွေးချယ်မှုနဲ့ မိုးရာသီအခက်ခဲတွေကို အောက်ပါအတိုင်း အကြံပြုပါရစေ။ ၁။ မျိုးရွေးချယ်မှု (၁၁၁ နှင့် ၉၀၉ နှိုင်းယှဉ်ချက်) ဒီမျိုးနှစ်မျိုးစလုံးက အပူဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းတဲ့ Hybrid (မျိုးစပ်) မျိုးတွေဖြစ်ပါတယ်။ ခရမ်းချဉ် (၁၁၁): အပင်သန်စွမ်းမှု အလွန်ကောင်းပြီး အသီးလုံးကြီးပါတယ်။ အသားထူတဲ့အတွက် သယ်ယူပို့ဆောင်ရာမှာ အရှုံးအမြတ်နည်းပြီး အထားခံတဲ့ မျိုးဖြစ်ပါတယ်။ ခရမ်းချဉ် (၉၀၉): အပင်အထိုင် အလွန်ကောင်းပြီး အပူဒဏ်ကြောင့် အပွင့်လွင့်တာကို ပိုပြီးခံနိုင်ရည်ရှိပါတယ်။ အသီးအရွယ်အစား ညီညာပြီး အရောင်အသွေးတောက်ပြောင်တဲ့အတွက် ဈေးကွက်မျက်နှာပန်း လှပါတယ်။ အကြံပြုချက်: အခုလို နွေကာလ အစပိုင်းမှာ အပူချိန်တက်နိုင်တဲ့အတွက် အပွင့်တင်မှု ပိုမိုသေချာစေမယ့် ၉၀၉ ကို စမ်းသပ်စိုက်ပျိုးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ၂။ မိုးရာသီ (ပတ်ကားကာလ) စိုက်ပျိုးရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ မိုးရာသီမှာ စိုက်ပျိုးရင် အဓိက (၃) ချက်ကို သတိထားရပါမယ်။ လေထုစိုထိုင်းဆများတဲ့အတွက် လောင်မဲပင်နာကျရောဂါ (Blight) နဲ့ ပင်ညှိုးရောဂါတွေ အဖြစ်များပါတယ်။ ရေနုတ်မြောင်း ကောင်းကောင်းဖော်ထားပါ။ မှိုသတ်ဆေး (ဥပမာ- Mancozeb + Metalaxyl) ကို ၇ ရက် တစ်ကြိမ် ကြိုတင်ကာကွယ်ဖျန်းပေးပါ။ မိုးရွာပြီး နေပြန်ပူတဲ့အခါ အသီးတွေ အက်ကွဲတတ်ပါတယ်။ကယ်လ်စီယမ်-ဘိုရွန် (Calcium Boron) အားဆေးကို အသီးတင်ချိန်မှာ ပုံမှန်ဖျန်းပေးခြင်းဖြင့် အသီးခွံခိုင်မာအောင် လုပ်ဆောင်ပါ။မိုးများလွန်းရင် အသီးတင်မှု နည်းနိုင်ပါတယ်။ အပွင့်အားဆေးနဲ့ အသီးတင်ဆေးများကို စနစ်တကျ သုံးစွဲပေးပါ။ မိုးတွင်းမှာ ရေဝပ်ရင် အမြစ်ပုပ်လွယ်တဲ့အတွက် ဘောင်ကို မြင့်မြင့် (အနည်းဆုံး ၁ ပေခွဲခန့်) တင်ပြီး စိုက်ပါ။ ပျိုးပင်ငယ်စဉ်ကတည်းက ပိုးမွှားနဲ့ မှိုရောဂါကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ လေဝင်လေထွက်ကောင်းအောင် အပင်ကြား၊ တန်းကြားကို စနစ်တကျ ခပ်ကျဲကျဲလေး ထားစိုက်တာက မှိုရောဂါသက်သာစေပါတယ်။
မိုးရာသီဆိုတောဘယ်လိုအခက်တွေရှိမလဲဗျ
အခုစိုက်တာမျိုးထုတ်နံပတ်က၁၁၁လုံးပါဆရာ၉၀၉ကအပူဒဏ်ခံနိုင်တယ်ပြောကြလို့ဟုတ်လားဆရာအခုမှစစိုက်တာဆိုတောဘယ်မျိုးကအဆင်ပြေမလဲဆရာရေကူညီပါဦး
ဟုတ်ကဲ့ကျေးဇူးပါဆရာ
မျိုးကောင်းရွေးမယ်၊ ဘောင်မြင့်မြင့်တင်မယ်၊ ရောဂါဒဏ်ခံနိုင်တဲ့ စိုက်စနစ်ကို သုံးမယ်ဆိုရင် မြင်းခြံမှာ ၅ လပိုင်း၊ ၆ လပိုင်းခရမ်းချဉ် စိုက်ပျိုးတာ အဆင်ပြေနိုင်ပါတယ်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရေသွင်းထားတာ သုံးရက်နေတော့ ခုလိုဖြစ်လာတာပါ ရေများတာလား ရောဂါဝင်တာလား စုပ်စားပိုးကျတာလား မဝေခွဲတတ်လို့ ကျေးဇူး...
ဖြေကြားချက် 2 ခု
ခရမ်းချဉ်နဲ့ငရုပ် နံနံရဲ့စိုက်ပျိုးနည်းကိုသိချင်ပါတယ်ရှင့်
ဖြေကြားချက် 3 ခု
ဆရာခင်ဗျ ခရမ်းချဥ်ကို မြေချစိုက်ပီးမှဘောင်တင်တာမျိုးမဟုတ်ပဲ ဘောင်တင်ပြီးမှ ဘောင်ပေါ်ချစိုက်ထားတာပါ ။ အဲ့ဘောင်...
ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျ အခုပုံပါ 105 ပေါက်ပါ ပျိုးဗန့်နဲ့ 909 ခရမ်းချဥ် ပျိူးလို့ အဆင်ပြေလောက်လားဆျာ အကြံပေးပါအူး
ဖြေကြားချက် 5 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။