အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
316
လွန်ခဲ့သော ၆ လ က · ထားဝယ်

အခုလိုနွေရာသီမှာ နံနံပင်တွေ့ ရေများများလောင်းရင်ကောင်းလာ၊နည်းနည်းလောင်းရင်ကောင်လား၊ဘယ်အချိန်းလောင်းသင့်လဲ

စိုက်ပျိုး ရေ နံနံ နံနံစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

565 လွန်ခဲ့သော ၄ လ က

အပင်အောက်ခြေမှာ အစိုဓာတ် ရှိနေရုံမျှသာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် လောင်းပေးသင့်ပါတယ်ခင်ဗျာ အစိုဓာတ်ထိန်းသိမ်းခြင်းအနေနဲ့ အပင်ခြေ‌တွင် ကောက်ရိုးများဖြင့်လဲ ဖုံးအုပ်ပေးထားနိုင်ပါသည်

349,556 လွန်ခဲ့သော ၆ လ က

နွေရာသီမှာ နံနံပင်ကို ရေလောင်းတဲ့အခါ ရေကို တစ်ခါတည်း အများကြီး လောင်းတာထက် မြေကြီး အစိုဓာတ်ရှိရုံ အနည်းငယ်စီနဲ့ ပုံမှန်စိတ်စိတ်လေး လောင်းပေးတာက အကောင်းဆုံးပါဗျ။ ရေလောင်းရမည့် အချိန်ကတော့ နံနက်စောစော (သို့မဟုတ်) ညနေ နေအေးချိန် မှာ လောင်းပေးဖို့ အကြံပြုလိုပါတယ်။ နေ့လယ် နေပူချိန်မှာ ရေလောင်းရင် အပင် အပူရှော့ခ်ဖြစ်ပြီး သေဆုံးနိုင်လို့ ရှောင်ကြဉ်ပေးပါဦးခင်ဗျာ။

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၆ လ က

နေပူရှိန်ပြင်းချိန်မှာ၊ရေမလောင်းသင့်ပါ။ရေမဖျန်းသင့်ပါ။ မနက်ခင်းမှာ ရေဖျန်းပိုက် ရေမှုံသေးသေးနဲ့ မိုးဖွဲဖွဲရွာသလိုဖျန်းပါ။ ရေအိုင်နေအောင်မလောင်းသင့်ပါဘူး။အမြစ်ပုပ်တတ်ပါတယ်။အပင်ဝါတတ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။