ကျွန်တော့်ခရမ်းချဥ်ပင်တွေ အပွင့်လိုက်မှ ဘာဖြစ်တာမှန်းမသိဘုး အပင်တွေ သေကုန်လို့ သိတဲ့ ဆရာများ အကြံဉာဏ်ပေးကြပါဦးခဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၄၀ ရက်
ခရမ်းချဉ်ပင်များ ပန်းပွင့်ချိန်တွင် အပင်ညှိုးသေရခြင်းမှာ ခရမ်းချဉ်ပင် ဘက်တီးရီးယား ပင်ညှိုးရောဂါ (Bacterial Wilt) သို့မဟုတ် ဖျူစေရီယံ ပင်ညှိုးရောဂါ (Fusarium Wilt) ကြောင့် ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။ အပင်သက်တမ်း (၄၀) ရက်သားသည် ခရမ်းချဉ်ပင်များ ပန်းပွင့်စပြုပြီး ရေနှင့် အာဟာရ အသုံးများသော အချိန်ဖြစ်၍ ရောဂါလက္ခဏာ ပိုမိုသိသာတတ်သည်။ ရောဂါကို တိကျစွာ ခွဲခြားနိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန် ၁။ ရောဂါခွဲခြားနည်း ဘက်တီးရီးယား သို့မဟုတ် မှိုကြောင့်ဖြစ်သည်ကို ဤသို့ စစ်ဆေးနိုင်သည်- ဘက်တီးရီးယား ပင်ညှိုးရောဂါ (Bacterial Wilt): အပင်၏ ပင်စည်အောက်ခြေကို ဖြတ်ပြီး ရေကြည်ထည့်ထားသော ဖန်ခွက်ထဲသို့ စိမ်ကြည့်ပါ။ ဖြတ်ထားသော နေရာမှ နို့ရည်ကဲ့သို့ ဖြူဖြူအမျှင်တန်းများ စိမ့်ထွက်လာပါက ဘက်တီးရီးယားကြောင့် ဖြစ်သည်။ ဖျူဆေရီယမ်ပင်ညှိုးရောဂါ (Fusarium Wilt): ပင်စည်ကို အလျားလိုက် ဓားဖြင့် ခွဲကြည့်ပါက အစာရေကြောများ (Vascular tissues) အညိုရောင် ပြောင်းနေသည်ကို တွေ့ရပါမည်။ ၂။ ကာကွယ်နှိမ်နင်းခြင်း ဘက်တီးရီးယားကြောင့်ဖြစ်ပါက: ရောဂါရနေသော အပင်ကို အမြစ်ပါမကျန် တူးဖော်ပြီး စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပါ။ ဘက်တီးရီးယားသတ်ဆေး Streptomycin sulfate , Copper oxychloride, Copper hydroxide, Bismerthiazole, Oxolinic acid သို့မဟုတ် Kasugamycin ပါဝင်သော ဆေးတစ်မျိုးမျိုးကို အပင်ခြေနှင့်အပင်အပေါ်ပိုင်း ဖျန်းပေးပါ။ မှိုကြောင့်ဖြစ်ပါက: မှိုသတ်ဆေး: Hymexazol, Azoxystrobin ,Carbendazim သို့မဟုတ် Metalaxyl ကဲ့သို့သော ဆေးများကို အပင်ခြေဖျန်း းပေးပါ။ ဆေးတစ်ခါဖျန်းပြီးတိုင် ရောဂါဆက်လက်ကူးစက်ပျံ့နှံ့ခြင်းရှိရှိစောင့်ကြည့်ပါ။ ၃။ နောင်ဖြစ်ပွားမှု လျော့နည်းစေရန် အကြံပြုချက် ရေသွင်းစနစ်: ရေသွင်းရာတွင် ရောဂါဖြစ်သောအပင်မှ ရောဂါကင်းသောအပင်ဆီသို့ ရေစီးဆင်းမှု မရှိစေရန် သတိပြုပါ။ မြေဆီလွှာ ကျန်းမာရေး: နောင်စိုက်ပျိုးရာတွင် Trichoderma သို့မဟုတ် Bacillus subtilis ကဲ့သို့သော အကျိုးပြုမှို/ဘက်တီးရီးယားများကို မြေခံတွင် ထည့်သွင်းအသုံးပြုပါ။ သီးလှည့်စိုက်ပျိုးခြင်း: ခရမ်းချဉ်၊ ငရုတ်၊ အာလူး အစရှိသော မျိုးရင်းတူ အပင်များကို တစ်နေရာတည်းတွင် ဆက်တိုက်မစိုက်ဘဲ ပဲမျိုးစုံ သို့မဟုတ် ပြောင်းဖူးနှင့် သီးလှည့်စိုက်ပါ။ စိုက်ခင်းထဲရှိ အခြားကျန်းမာသော အပင်များသို့ ကူးစက်မှုမရှိစေရန် အမြန်ဆုံး ကြိုတင်ကာကွယ်ဆေးများ (ဥပမာ- Copper အခြေခံမှိုသတ်ဆေးများ) ဖျန်းထားသင့်ပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်စစိုက်ခြင်လို် နည်းလမ်းလေးပြောပြပါအုန်း
ဖြေကြားချက် 3 ခု
ခရမ်းချဉ်ပင် အိမ်စားဖို့စိုက်ထားတာပါ ဓာတုဆေး မသုံးပါဘူး အပင်သေ တွေ့ရှိရင်ချက်ချင်းနုတ်ပစ်ပါတယ် အသီးကွဲပြီးထိပ်...
ဖြေကြားချက် 1 ခု
၂လပိုင်းကုန်ခါနီးစိုက်မှာပါ အပူချိန်ရောက်ရင် မသီးတော့ဘူပြောနေကျလို့ ၁၁၁မျိုးပါ ဘာတေလုပ်ဆောင်ထားရပါမလဲ
ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး ကို စျေးကောင်းရအောင် ဘယ်အချိန် ဘယ်ကာလ မှာစိုက်ပျိုးရင်ရသလဲဗျ သိတဲ့ဆရာကြီးများ ဖြေကြားပေးကြပါအုံး...
ဖြေကြားချက် 4 ခု
ခရမ်းချင်အပူဒဏ်ခံနိုင်တဲ့ဆေးသိချင်ပါတယ်
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။