အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Kyaw Kyaw
Kyaw Kyaw 277
လွန်ခဲ့သော ၆ လ က · ဒိုက်ဦး

ရက်90နွေစပါးကျဲခင်း စပါးအနှံစထွက်လာတဲ့အခါ နှံစတိုပီး အသီးကျဲ အစေ့အရေအတွက်နည်းတာဘာကြောင့်လဲ ကျဲခင်းမို့လို့လား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
စိုက်ပျိုးနည်း စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၂ ခု

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,960 လွန်ခဲ့သော ၆ လ က

သက်တန်းတိုစပါးအာဟာရနဲလို့ပါNPK ကြွေးပါ

သော်ဇင်
သော်ဇင် 354,386 လွန်ခဲ့သော ၆ လ က

စပါးနှံတိုပြီး အစေ့နည်းရခြင်း အကြောင်းရင်းများ စပါးနှံတစ်နှံချင်းစီရဲ့ အရည်အသွေးဟာ ကျဲခင်းဖြစ်ရုံတင်မကဘဲ အောက်ပါအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ် - ၁။ ပင်ပွားနှုန်းနှင့် အာဟာရ ပြိုင်ဆိုင်မှု ကျဲခင်းဖြစ်ခြင်း: စပါးကို ကျဲပက်စိုက်ပျိုးတဲ့အခါ အပင်ဦးရေ အရမ်းစိပ်သွားရင် အပင်အချင်းချင်း အလင်းရောင်၊ ရေနဲ့ မြေဆီလွှာအာဟာရကို ပြိုင်ဆိုင်လုယူရပါတယ်။ အာဟာရမလောက်ငခြင်း: စပါးမှို့ကပ်ချိန် သို့မဟုတ် ဖုံးလုံးချိန် မှာ အာဟာရ (အထူးသဖြင့် ပိုတက်ရှ်ဓာတ်) မလုံလောက်ရင် နှံရှည်မထွက်ဘဲ နှံတိုတာ၊ အစေ့နည်းတာမျိုး ဖြစ်တတ်ပါတယ်။ ၂။ ရာသီဥတုဒဏ် (အပူစီးခြင်း) စပါးနှံထွက်ချိန်နဲ့ ပန်းပွင့်ချိန်မှာ အပူချိန် အရမ်းပြင်းတာ (သို့မဟုတ်) လေပူတိုက်တာ မျိုးရှိခဲ့ရင် ဝတ်မှုန်ကူးမှုကို ထိခိုက်စေပြီး အစေ့မအောင်တာ၊ နှံတိုတာတွေ ဖြစ်စေနိုင်ပါတယ်။ ၃။ ရေသွင်းရေထုတ် လိုအပ်ချက် စပါးမှို့ကပ်ချိန်ကနေ ပန်းပွင့်ချိန်အထိဟာ ရေလိုအပ်ချက် အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ ရေပြတ်လပ်ခဲ့ရင် နှံထွက်မှုကို သိသိသာသာ ထိခိုက်စေပါတယ်။ အကြံပြုချက် နောင်နှစ်တွေမှာ ဒီလိုမဖြစ်စေဖို့ အောက်ပါတို့ကို လုပ်ဆောင်သင့်ပါတယ် - ကျဲနှုန်းချိန်ညှိရန်: မျိုးစေ့ကို အလွန်အကျွံ မကျဲဘဲ တစ်ဧက လိုအပ်တဲ့နှုန်းထားအတိုင်းသာ စနစ်တကျ ကျဲပါ။ ဓာတ်မြေသြဇာ အချိန်ကိုက်ကျွေးရန်: စပါးနှံစမထွက်မီ မှို့ကပ်ချိန် သို့မဟုတ် ဖုံးလုံးချိန်မှာ ပိုတက်ရှ် (Potash) ပါဝင်တဲ့ မြေသြဇာကို အားဖြည့်ကျွေးပေးပါ။ ဖျန်းဆေးအသုံးပြုရန်: အနှံထွက်ချိန်မှာ အပင်အားဆေး သို့မဟုတ် ဟော်မုန်းဆေး အနည်းငယ် ဖျန်းပေးခြင်းဖြင့် နှံရှည်ထွက်ပြီး အစေ့အောင်မှုများရန်ကူညီပေးနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။