ဖြေကြားချက် ၂ ခု
နံနံပင်တွေ အရွက်ခြောက်ပြီး ညှိုးသေတာဟာ အဓိကအားဖြင့် ပင်ညှိုးရောဂါ (Fusarium Wilt) ဒါမှမဟုတ် ပင်ခြေပုပ်/အမြစ်ပုပ်ရောဂါ ကြောင့် ဖြစ်ရတာပါ။ အစိုဓာတ်များလွန်းရင် ဒါမှမဟုတ် ရေဝပ်ရင်လည်း အမြစ်ပုပ်ပြီး အပင်သေတတ်ပါတယ်။ရောဂါရနေတဲ့ အပင်တွေကို မြင်မြင်ချင်း နုတ်ယူပြီး စိုက်ခင်းနဲ့ဝေးရာမှာ မြေမြှုပ် ဒါမှမဟုတ် မီးရှို့ဖျက်ဆီးပါ။ အပင်ခြေတွေကို မက်ကိုဇက် (Mancozeb) ဒါမှမဟုတ် ကာဘင်ဒါဇင် (Carbendazim) ပါဝင်တဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို ညွှန်ကြားချက်အတိုင်း ဖျန်းပေးပါ။ ဆေးရည်ကို ပင်ခြေအထိရောက်အောင် ဖျန်းပေးရင် ပိုထိရောက်ပါတယ်။ းရေဝပ်နေရင် ရေနုတ်မြောင်းဖော်ပေးပါ။ မြေကြီးကို အစိုဓာတ် အသင့်အတင့်ပဲ ထားပါ။ နွားချေးအစိမ်း မသုံးပါနဲ့ (နွားချေးအစိမ်းက မှိုပွားစေတတ်ပါတယ်)။ သေချာဆွေးမြည့်တဲ့ မြေဆွေးကိုပဲ သုံးပါ။ တစ်နေရာတည်းမှာ နံနံပင်ကိုပဲ ဆက်တိုက်မစိုက်ဘဲ အခြားသီးနှံနဲ့ လှည့်စိုက်ပေးပါ။ ပုံမြင်ရရင်တော့ပိုခန့်မှန်းပေးနိုင်ပါမယ်ခင်ဗျာ၊ Viber//09978631606မှာပုံပို့မေးလို့ရင်ပို့ထားပေးပါ
ဆက်စပ်မေးခွန်းများ
ရာသီပေါ် စိုက်ခင်းလေး လုပ်ချင်လို့ပါ အချိန်တိုတိုနဲ့ ငွေပေါ်မယ့် သီးနှံမျိုးစိုက်ချင်တာ ဘယ်လိုသီးနှံမျိုး...
ဖြေကြားချက် 1 ခု
ဆိုဒါ ဆပ်ပြာ စားသုံးဆီ ရောပြီးဖြန်းတဲ့မှိုသတ်ဆေးလုပ်နည်းလေးပြောပြပေးပါ
ဖြေကြားချက် 1 ခု
ဘယ်လိုစိုက်ပျိုးရမလည်
ဖြေကြားချက် 5 ခု
နံနံပင်တေ မန်ကိုဇက် ကြိုဖြန်းလိုရလာ၊ အရွက်ကြမ်းတောမထွက်သေဘူး ၊အပင်ပေါက်တာ3 ရက်လောက်ပဲရှိသေတယ် အရွက်ဖြားတွေ့...
ဖြေကြားချက် 5 ခု
အခုလိုနွေရာသီမှာ နံနံပင်တွေ့ ရေများများလောင်းရင်ကောင်းလာ၊နည်းနည်းလောင်းရင်ကောင်လား၊ဘယ်အချိန်းလောင်းသင့်လဲ
ဖြေကြားချက် 3 ခု