အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Kyaw Myo Lwin
Kyaw Myo Lwin 131
လွန်ခဲ့သော ၉ လ က · မော်လမြိုင်ကျွန်း

စပါးပင်တေ ‌အချို့နေရာတေမှာ ခြောက်ပီးသေနေပါတယ်ခင်ဗျာ ကျန်တော်ပီးခဲ့တဲ့ 3ရက်လောက်ကတော့ ဇိုင်းကလုံး ကို ရေ15 လီတာကို ဘူးဖုံးတစ်ဖုံးခန့် ဖျော်ပီးတော့ ဖြန်း ထားပါတယ်ဗျ စပါးပင် က ပိုးကြတာလား ရေနဲ့ ပုလဲ လိုတာလား သိချင်လို့ပါခင်ဗျာ နားလည်တဲ့ ပညာရှင်ဆရာကြီးများခင်ဗျာ ဖြေပေးစေလိုပါတယ် ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ စပါး စပါးပင်စည်ပုပ်ရောဂါ
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၈ ခု

U Myint Naing
U Myint Naing 229 လွန်ခဲ့သော ၃ ပတ် က

ပျိုးရက်၁.၅ လဖြစ်ပါတယ်အပင်အဖျားပိုင်းများဝါ/ခြောက်တယ် ၁/၄ဧကကို ပိုတက်၃ပြီ+ပုလဲ၂ပြီပက်ထါးတါ၅ရက်ရှိပြီမထူးခြားပါဘယ်လိုဆက်လုပ်ရမလဲခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၉ လ က

စပါးပင်ခြေပုပ်ရောဂါဝင်နေတယ်လို့ယူဆပါတယ်။ တမန်းပူလောင်တာလို့လဲခေါ်ပါတယ်။ ဂျစ်ဆန် သို့မဟုတ် ပိုတက် မြေဩဇာ တအိတ်ကို k humic နှစ်ထုပ် ရောပက်ပါ။

Kyaw Myo Lwin
Kyaw Myo Lwin 131 လွန်ခဲ့သော ၉ လ က

ညဘက်စပါးပင်အနေအထားပါရော

Kyaw Myo Lwin
Kyaw Myo Lwin 131 လွန်ခဲ့သော ၉ လ က
Kyaw Myo Lwin
Kyaw Myo Lwin 131 လွန်ခဲ့သော ၉ လ က
Kyaw Myo Lwin
Kyaw Myo Lwin 131 လွန်ခဲ့သော ၉ လ က

ဆရာရေ ပင်‌ေခြကို ဖြဲကြည့်တော့ အကောင်လေးတေတော့မတွေ့ဘူးဗျာ ပင်စည်ကို ဆွဲကြည့်တော ပြတ်ထွက်သွတယ် ဆရာ အနီးစပ်ဆုံး အနေနဲ့ ကျန်တော် ဘာဆေးသုံးသင့်လည်း ဆရာရေ ဖြေပေးပါအုံး

Kyaw Myo Lwin
Kyaw Myo Lwin 131 လွန်ခဲ့သော ၉ လ က

ကျေးဇူးပါ ဆရာ

Linn htaik Oo
Linn htaik Oo 287 လွန်ခဲ့သော ၉ လ က

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော် နည်းနည်း စစ်ကြည့်ပေးပါ့မယ်။ ပထမဆုံး သိထားရမှာက စပါးပင် ခြောက်တယ်ဆိုတာ အကြောင်းအရင်း အမျိုးမျိုး ရှိနိုင်တယ်ဗျ။ အစ်ကိုသုံးထားတဲ့ ဇိုင်းကလုံး (Cyclone) ဆိုတာက ဆိုင်ပမာသရင် (Cypermethrin) ပါတဲ့ ပိုးသတ်ဆေးပါ၊ သူက အပင်ကို လောင်စေတဲ့ ဆေးတော့ မဟုတ်ပါဘူး။ အစ်ကိုသုံးထားတဲ့ ပမာဏကလည်း ပုံမှန်ပါပဲ။ ဒါပေမဲ့ တစ်ခုသတိထားရမှာက အကယ်၍ အစ်ကို့လယ်ထဲမှာ ဖြစ်နေတာက ဖြုတ်ပိုး ကြောင့်ဆိုရင်တော့ ဒီဇိုင်းကလုံးက ဖြုတ်ပိုးကို မသေစေတဲ့အပြင် ပိုးကို ပိုပွားစေတတ်တယ်ဗျ။ ဒါကြောင့် အစ်ကို့အနေနဲ့ အခုချက်ချင်း ဒါလေးတွေကို အရင် စစ်ဆေးကြည့်ပေးပါဦး - ၁။ ပင်ခြေကို ဖြန့်ကြည့်ပါ - ပင်ခြေမှာ အကောင်လေးတွေ ပြေးနေတာတွေ့ရင် ဒါဖြုတ်ပိုး (Hopper) ကြောင့်ပါ။ သူက စပါးပင်ကို ကွက်ကျားလိုက် ခြောက်ပြီး သေစေတာပါ။ ၂။ အညွန့်ကို ဆွဲကြည့်ပါ - အလယ်က အညွန့်လေးကို ဆွဲလိုက်လို့ ကျွတ်ပါလာရင်တော့ ရင်ကွဲပိုး (ဆန်ပိုး) ကြောင့် ခြောက်တာပေါ့။ ၃။ အရွက်ကို ကြည့်ပါ - အရွက်ထိပ်ကနေ ဘေးဘောင်တစ်လျှောက် လှိုင်းတွန့်သဏ္ဍာန် ခြောက်လာရင်တော့ ဒါ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ ဖြစ်နိုင်ပါတယ်။ လောလောဆယ် ဘာလုပ်သင့်လဲဆိုရင်တော့ - ပုလဲ (Nitrogen) လုံးဝ မကျွေးပါနဲ့ဦး - စပါးပင် နာနေချိန်မှာ ပုလဲကျွေးရင် အပင်က ပိုပျော့သွားပြီး ပိုးနဲ့ ရောဂါက ပိုဒုက္ခပေးတတ်လို့ပါ။ ရေလည်း လိုနေရင်တော့ သွင်းလို့ရပေမဲ့ ဖြုတ်ပိုးရှိရင်တော့ ရေကို ခဏထုတ်ပေးတာ ပိုကောင်းပါတယ်ဗျ။ ဆေးဖြန်းမယ်ဆိုရင် - အကယ်၍ ဖြုတ်ပိုးကြောင့်ဆိုရင်တော့ ဇိုင်းကလုံးကို ခဏနားပြီး ဖြုတ်ပိုးသတ်ဆေး သီးသန့် (ဥပမာ- ပိုင်မီထရိုဇင်း တို့၊ ဒိုင်နိုတီဖြူရန် တို့) ကို သုံးပေးရပါမယ်။ အပင်နာလန်ထူအောင် အားဆေးလေးလည်း နည်းနည်း ရောဖြန်းပေးလို့ ရပါတယ်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။