အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
230
လွန်ခဲ့သော ၉ လ က · ကျောက်မဲ

မြေဆွေးထဲမှာ လွှစာမှုန့်တွေ စပါးခွံတွေ သစ်ရွက်ခြောက်တွေထည့်ပြီး ချက်ချင်း အသုံးပြုလို့ရလား မရဘူးလားဗျ ထည့်လို့...

မြေဆွေးထဲမှာ လွှစာမှုန့်တွေ စပါးခွံတွေ သစ်ရွက်ခြောက်တွေထည့်ပြီး ချက်ချင်း အသုံးပြုလို့ရလား မရဘူးလားဗျ ထည့်လို့ရတာနဲ့မရတာခွဲပြပြီး ပြည့်ပြည့်စုံစုံပြောပြပါအုံးခင်ဗျ

စိုက်ပျိုးနည်း ခရမ်းသီး

ဖြေကြားချက် ၅ ခု

230 လွန်ခဲ့သော ၉ လ က

ကျေးဇူးတင်ပါတယ် ဦးသိန်းစိုးမင်း ခင်ဗျာ

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၉ လ က

ဆရာဒို့ဦးလေးပြောတာကို ထပ်ဖြည့်ပြောရရင် မဆွေးမြေ့သေးတဲ့ သြဂဲနစ်အပင်အကြွင်းအကျန်တွေ လွှစာမှုန့်တွေက မြေကြီးထဲရောက်တဲ့အခါမှာ ဆွေးမြေ့တဲ့ဖြစ်စဉ်ကို အစပြုပါတယ်။ ဆွေးမြေ့တဲ့ဖြစ်စဉ်မှာ အပူတွေထွက်ပါတယ်။ အဲဒီအပူက စိုက်ထားတဲ့အပင်ထိပြီး အပင်တွေ လောင်တာ သေတာ ကြီးထွားမှုနှေးတာတွေကို ဖြစ်ပေါ်စေပါတယ်။ အချို့သစ်အမျိုးအစားတွေက လွှစာမှုန့်တွေဆိုရင် အပင်တွေမကြိုက်တဲ့ အဆိပ်တောက်တွေကိုပဲ ထုတ်လွှတ်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် မြေဆွေးနဲ့ အပြင်မှာရောပြီး အစိုဓာတ်ပေးပြီး နှိပ်ထားဖို့လိုပါတယ်။ အပူဓာတ်ကုန်သွားပြီး ဆွေးမြေ့ပြီဆိုတဲ့အချိန်မှ မြေကြီးထဲ ထည့်သင့်ပါတယ်ဗျ။

230 လွန်ခဲ့သော ၉ လ က

ကျေးဇူးတင်ပါတယ် ဒို့ဦးလေးခင်ဗျာ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၉ လ က

ထည့်လို့ရတယ်။ထည့်နိင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ချက်ချင်းအသုံးပြာလို့မရပါဘူးကွယ်။ အမှန်တကယ် ဆွေးအောင်လုပ်ပြီးမှ အသုံးပြုရပါတယ်။

50 လွန်ခဲ့သော ၉ လ က

2

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။