အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
41
လွန်ခဲ့သော ၉ လ က · ဒိုက်ဦး

ဆရာ ဒို့ဦးလေးခင်ဗျာ ပဲလွမ်း(ချက်မဲ) ၁၃ရက်သား(စကြဲတဲ့ရက်အပါဝင်)ရှိ့ပါပီ ဘာရောဂါတွေကြိုတင်ကာကွယ်ဖို့လိုပါသလည်း...

ဆရာ ဒို့ဦးလေးခင်ဗျာ ပဲလွမ်း(ချက်မဲ) ၁၃ရက်သား(စကြဲတဲ့ရက်အပါဝင်)ရှိ့ပါပီ ဘာရောဂါတွေကြိုတင်ကာကွယ်ဖို့လိုပါသလည်းခင်ဗျာ သုံးရမယ့် မှိုဆေး ပိုးသက်ဆေး လမ်းညွှန်းပါဦးခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၃ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ ပဲလွမ်း ခါးရိရောဂါ

ဖြေကြားချက် ၂ ခု

349,556 လွန်ခဲ့သော ၉ လ က

ရေကို စီမံခန့်ခွဲခြင်း: ရေဝပ်ခြင်းမရှိစေရန်ဂရုစိုက်ပါ။ ရေလွှမ်းမိုးသည့် စိုက်ပျိုးနည်းကို ရှောင်ပါ။ ပျိုးခင်းတွင် အသင့်တော်ဆုံး အစိုဓာတ် ကို ထိန်းသိမ်းပါ။အစိုဓာတ် လုံလောက်စွာ ပေးပါ၊ သို့သော် ရေလွန်အောင် မလောင်းပါ နှင့် မြေဆီလွှာ စိုနေချိန်တွင် စိုက်ခင်းအတွင်း လုပ်ငန်းလုပ်ခြင်းကို ရှောင်ပါ။ရေစီးဆင်းမှုနှင့် အစိုဓာတ် ထိန်းညှိမှုကို ကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့် ရောဂါကျရောက်မှုကို လျှော့ချနိုင်သည်။ ပျိုးခင်း၊စိုက်ခင်း စီမံခြင်း: ပျိုးခင်းထောင်ရန် အရိပ်ရသော နေရာများကို ရှောင်ပါ။ မှန်ကန်သော မျိုးစေ့နှုန်း ကိုသာ အသုံးပြုပါ။ အပင်ငယ်များပတ်လည်တွင် လေဝင်လေထွက်ကောင်းအောင် ထားပါ၊ မျိုးစေ့များကို နက်လွန်းစွာ မစိုက်ပါနှင့်။ အရည်အသွေးမြင့် မျိုးစေ့ သို့မဟုတ် ရောဂါကင်းသော ပျိုးပင် များကိုသာ စိုက်ပါ။ ရေစီးဆင်းမှု ညံ့ဖျင်းသော မြေဆီလွှာကို ရှောင်ပါ။

349,556 လွန်ခဲ့သော ၉ လ က

Pythium spp ကြောင့်ဖြစ်တဲ့ ခါးရိရောဂါ(Damping off)ကျနေတာပါ၊ မြေဆောင်မှိုကြောင့်ဖြစ်တာမို့ အရှင်းပြောက်ရန်မလွယ်ကူပါဘူးဗျ။ ‌အသေအပျောက်နည်းချင်ပါက Hymexazol, Foestyl -Al ဆေးတစ်မျိုးမျိုးကို အပင်ခြေမြေကြီးစိုရွှဲအောင်ဖျန်းပေးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။