ဖြေကြားချက် ၂ ခု
ဒုတ္ထာရော ထုံးရောက သဘာဝတွင်းထွက် အခြေခံ မှိုသတ်ဆေးဖြစ်ပါတယ်။ ဘော်ဒိုဆေးဟာ ဩဂဲနစ် စိုက်ပျိုးရေးမှာ အသုံးပြုခွင့် ရှိပေမယ့်၊ ၎င်းဟာ 'လွတ်လပ်စွာ သုံးစွဲခွင့်' (Free Pass) မဟုတ်ပါဘူး။ ဩဂဲနစ်လက်မှတ်ရယူမယ်ဆိုရင်တော့ မြေဆီလွှာ ကျန်းမာရေးကို မထိခိုက်စေဖို့အတွက် သတ်မှတ်ထားတဲ့ 'Copper ပမာဏ ကန့်သတ်ချက်' ဘောင်အတွင်းကနေ လိုအပ်မှသာ ချွေတာ သုံးစွဲရမယ့် ဆေးကောင်းတစ်လက် ဖြစ်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တမာရွက်ပြုတ်ထဲထုံးထဲ့လို့ရလားဗျကွမ်းဖြန်းမှာ ထုံးက ကွမ်းခြံထဲကအနုဇီဝတွေသေနိုင်လားဗျ ထရုိင်ကိုဒါးမားသုံးသည် ဆီ...
ဖြေကြားချက် 2 ခု
ဆရာတို့ဘော်ဒိုဆေးကိုလေးငါးရက်လောက်ထားရအောင်ဘယ်လိုလုပ်မလဲဆရာ
ဖြေကြားချက် 3 ခု
ဆရာတို့ဘော်ဒိုမစ်ချာဆေးကိုဆေးဖျန်းပုံးတစ်ပုံးကိုဘယ်လောက်ထည့်ရမလဲသိပါရစေ
ဖြေကြားချက် 3 ခု
ဘော်ဒိုးမစ်ချာက စပါးမှိုသက်ဆေးသုံးလိုရလား စပါးအတွက်သုံးနည်းလေးသိချင်ပါတယ်ဖြေကြားပေးပါ
ဖြေကြားချက် 3 ခု
ဆရာတို့မြေပဲကိုဘောဒိုဆေးကဘယ်လောက်ထည့်ရမလဲဆရာ
ဖြေကြားချက် 2 ခု